သီချင်းနားဆင်ရန်

Jul 30, 2012

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Popular Myanmar News Journal

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ
လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။

Popular Myanmar News Journal

Jul 29, 2012

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို








ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

       မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ

အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။

“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။

7Day News Journal


အားကစား

ဘိန်းစ်ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် မန်ယူစီစဉ်

အားကစား

အိုလံပစ် အပြီးတွင် အနာဂတ်ကို ဆုံးဖြတ်မည်ဟု မိုရာဖွင့်ဟ PDF Print E-mail
 

အားကစား

ဟွိုင်လတ်အား စာချုပ် ခေါ်ယူလိုက်သည့် QPR


အားကစား

လီဗာပူးလ် ပစ်မှတ် ရာမီရက်ဇ် ပရီးမီးယားလိဂ် ကလပ်တစ်ခုနှင့် ဆွေးနွေးနေဟု အေးဂျင့်ဝန်ခံ

အားကစား

ဆာဟင်ကို အငှားခေါ်ယူရန် ချိတ်ဆက်နေသည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ နျူရီဆာဟင်ကို တစ်ရာသီ အငှား ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

တော့တင်ဟမ် ဟော့စပါးသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သော တူရကီ လက်ရွေးစင်သည် အမ်းမရိတ်စ်ကို ရွေးချယ်ရန် နီးစပ်နေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၃)နှစ်ရှိ ဆာဟင်သည် ပင်ကိုယ်ခြေစွမ်း ကောင်းမွန်သော်လည်း ဒဏ်ရာများကြောင့် ဘာနေဗျူးတွင် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်တွင် ပါရမီရှိသော ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ရီးယဲလ်နည်းပြ ဟိုဆေးမော်ရင်ဟို လက်အောက်တွင်မူ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးပြီး အရန်ခုံတွင်သာ အဓိက အချိန်ကုန်နေရသည်။



အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ရိန်းစ်အသင်းမှ ယန်းမားဗီးလားကို ချိတ်ဆက်ခဲ့သော်လည်း ဈေးနှုန်း ကြီးမြင့်သည့်နောက် ဆာဟင်ကို အငှားခေါ်ယူရန် ကြိုးစားလာခြင်း ဖြစ်သည်။ လက်ရှိတွင် အာဆင်နယ် ကွင်းလယ်၌ အဘူဒီယာဘီနှင့် ဂျက်ဝီလ်ရှိုင်းယားတို့မှာ ဒဏ်ရာကြောင့် ပွဲမကစားနိုင်သေးရာ ဝင်းဂါးက ဆာဟင်ကို ချိတ်ဆက်လာခဲ့သည်။ ဆာဟင်သည် ဒေါ့တ်မန်နှင့်အတူ (၂၀၀၅)ခုနှစ်က ဘွန်းဒစ်လီဂါတွင် စတင် ကစားခဲ့ရာ အသက်(၁၆)နှစ်သာ ရှိသေးပြီး ယနေ့တိုင် ယင်းပြိုင်ပွဲ၏ အသက်အငယ်ဆုံး ပွဲထွက်ခွင့် ရသူအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

ရီးယဲလ်သည် ပြီးခဲ့သည့် နွေရာသီက ဆာဟင်အား ပေါင်စတာလင် (၈)သန်းဖြင့် ခေါ်ယူကာ (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း အဓိက ကစားသမားအဖြစ် အသုံးမပြုခဲ့ပေ။ ဆာဟင်သည် တူရကီ လက်ရွေးစင် အသင်းအတွက် (၃၁)ပွဲ ကစား ပေးထားသည်။ စိတ်ဝင်စားစရာ အချက်မှာ အာဆင်နယ် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးနှင့် ဆာဟင်တို့သည် ကျောင်းတော်မှ ရန်စရှိသူများ ဖြစ်ကြပြီး ကိုလုံးအတွက် ပိုဒေါ့စကီး ကစားနေစဉ် (၂၀၁၀)ပြည့်နှစ်က နှစ်ဦးသား ငြိခဲ့ဖူးကြောင်း သိရှိရသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ရိန်းစ်အသင်းမှ ယန်းမားဗီးလားကို ချိတ်ဆက်ခဲ့သော်လည်း ဈေးနှုန်း ကြီးမြင့်သည့်နောက် ဆာဟင်ကို အငှားခေါ်ယူရန် ကြိုးစားလာခြင်း ဖြစ်...

အားကစား

သတင်းထောက်အား ဆဲဆိုခဲ့သည့် နာဆရီအား ပြင်သစ် ဘောလုံး အဖွဲ့ချုပ် (၃)ပွဲပယ်

ဥရောပ ဖလား ပြိုင်ပွဲ ကာလအတွင်း သတင်းထောက် တစ်ဦးကို ဆဲရေး စော်ကားမှု အတွက် ဆမ်မီ နာဆရီအား ပြင်သစ် ဘောလုံး အဖွဲ့ချုပ်က (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမားသည် ဥရောပဖလား ကွာတားဖိုင်နယ်တွင် စပိန် အသင်းအား အရေးနိမ့် ထွက်ခွာ ရသည့် ပွဲစဉ်အပြီး၌ မီဒီယာသမား တစ်ဦးနှင့် ပြဿနာဖြစ်ပွားပြီး ဆဲဆိုခဲ့သည်။ ထို့အပြင် နာဆရီသည် စပိန်နှင့်ပွဲတွင် ကြီးကြပ်သည့် ဒိုင်လူကြီး နီကိုလာ ရစ်ဇိုလီနှင့် ပြင်သစ် ဂိုးသမား ဟူဂိုလောရစ်တို့ နှစ်ဦးလုံးနှင့်လည်း အချင်း များခဲ့သေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် နာဆရီကို ပြစ်ဒဏ် ချမှတ် ခဲ့သော်လည်း အရှုပ်အထွေးတွင် ပါဝင်သည်ဟု သတင်း ထွက်နေသည့် ဟေတမ် ဘန်အာဖာနှင့် ယန်းမားဗီးလားတို့ နှစ်ဦးကိုမူ အပြစ် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။



ရိန်းစ်အသင်း ကွင်းလယ်လူ မားဗီးလားသည် စပိန်နှင့်ပွဲတွင် လူစားလဲခံရပြီးနောက် ၎င်းအစား ကွင်းအတွင်းဝင်မည့် တိုက်စစ်မှူး အိုလီဗာဂီရော့ဒ်ကိုရော၊ ပြင်သစ်နည်းပြ လောရင့်ဘလန့်ကိုပါ လက်ဆွဲ နှုတ်ဆက်ရန် ပျက်ကွက်ခဲ့သည်။ နယူးကာဆယ်လ် ယူနိုက်တက်၏ တောင်ပံတိုက်စစ် ကစားသမားမှာမူ ထိုစဉ်က ပြင်သစ်နည်းပြ တာဝန်ယူထားသည့် ဘလန့်နှင့် ခွန်းကြီးခွန်းငယ် စကားများခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရသည်။ သတင်းများက ဘန်အာဖာသည် အုပ်စုအဆင့်တွင် ဆွီဒင်အား အရေးနိမ့်သည့် ပွဲအပြီး အဝတ်လဲခန်းထဲ၌ ဘလန့်နှင့် ပြဿနာ တက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမားသည် ဥရောပဖလား ကွာတားဖိုင်နယ်တွင် စပိန် အသင်းအား အရေးနိမ့် ထွက်ခွာ ရသည့် ပွဲစဉ်အပြီး၌ မီဒီယာသမား တစ်ဦးနှင့် ပြဿနာဖြစ်ပွားပြီး ဆဲဆိုခဲ့ကြောင်းသိရသည်။

အားကစား

ဟာဇက်သည် ချယ်လ်ဆီး၏ မက်ဆီ ဖြစ်လာနိုင်ကြောင်း ဗာမေလန် မှတ်ချက်ပြု PDF Print E-mail
  ချယ်လ်ဆီး အသင်းသည် အီဒင်ဟာဇက်ကို ခေါ်ယူနိုင်ခြင်းကြောင့် ကိုယ်ပိုင် လီယွန်နယ်လ် မက်ဆီတစ်ဦးကို ရရှိသွားခြင်း ဖြစ်ကြောင်း အာဆင်နယ် နောက်ခံလူ သောမတ်စ် ဗာမေလန်က မှတ်ချက်ပြု ပြောဆိုလိုက်သည်။


ချယ်လ်ဆီးသည် ပြင်သစ်ကလပ် လိုင်လီမှ ကွင်းလယ်တိုက်စစ် ကစားသမားကို ပေါင်စတာလင် (၃၂)သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။ အာဆင်နယ် အသင်းမှ ဗဟိုခံစစ်မှူး ဗာမေလန်က ၎င်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဖော်၏ ပါရမီရှိသော ခြေစွမ်းကို ချီးကျူးခဲ့ပြီး မက်ဆီကဲ့သို့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားသူဟု ညွှန်းဆိုသွားသည်။ ချယ်လ်ဆီးသည် ယခု နွေရာသီတွင် ဟာဇက်အပြင် ညီဖြစ်သူ သော်ဂန်ကိုပါ ခေါ်ယူနိုင်ခဲ့သည်။ ဗာမေလန်က "ကျွန်တော် ဟာဇက်နဲ့ပဲ သိကျွမ်းပါတယ်။ သူ့ညီအကြောင်းတော့ မသိပါဘူး။ ဟာဇက်ဟာ နည်းစနစ်ပိုင်း အရဆိုရင် သိပ်ထူးချွန်ပါတယ်။ ဘောလုံးကို သယ်ပြေးရင်လည်း အရမ်းမြန်တယ်။ သူကစားတာက မက်ဆီလိုပါပဲ။ ဟာဇက်ဟာ အပျံစား လှည့်စားမှုတွေလည်း လုပ်ပြတတ်သူပါ" ဟု မှတ်ချက်ပြုခဲ့သည်။


၎င်းက "အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ခြေစမ်းတုန်းက ဟာဇက်ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက် လှုပ်ရှား ကစားခွင့် ပေးခဲ့တယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအရ ဒါဟာ ပိုပြီး အံဝင်ပါတယ်။ ဟာဇက်ကို စိတ်ကြိုက် ပေးကစားထားတဲ့အခါ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်နိုင်ပါတယ်။ ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မယ့်သူလို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ပြင်သစ်မှာထက် အင်္ဂလန်မှာက ခံစစ်သမားတွေ ပိုထူးချွန်တာကြောင့် အခက်အခဲတော့ ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟာဇက်ဟာ ချယ်လ်ဆီး ပရိသတ်ကို သူ့ရဲ့ စွမ်းရည်အားလုံး ထုတ်ပြမယ့်သူပါ"ဟုလည်း ဆက်လက် ပြောကြားသွားသည်။
ဟာဇက်ဟာ နည်းစနစ်ပိုင်း အရဆိုရင် သိပ်ထူးချွန်ပါတယ်။ ဘောလုံးကို သယ်ပြေးရင်လည်း အရမ်းမြန်တယ်။ သူကစားတာက မက်ဆီလိုပါပဲ။ ဟာဇက်ဟာ အပျံစား လှည့်စားမှုတွေလည်း လုပ်ပြတတ်သူပါ...
ဗာမေလန်က ဘယ်လ်ဂျီယံအသင်း ခံစစ်ကြောင်းတွင် တွဲဖက်ကစားလေ့ရှိသည့် မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီကိုလည်း ချီးကျူးခဲ့သည်။ ကွမ်ပနီသည် မကြာသေးမီကမှ မန်စီးတီးနှင့် (၆)နှစ် စာချုပ်သစ် ချုပ်ဆိုထားသည်။ ဗာမေလန်က "ကွမ်ပနီဟာ တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ ကစားသမားပါ။ သူက အသက်(၁၇)နှစ်မှာ အန်းဒါးလက်ခ်ျနဲ့အတူ ချန်ပီယံလိဂ် ကစားခွင့် ရနေပြီ။ သူ့အသက် ငယ်စဉ်တုန်းက ဝေဖန်မှုတွေ ကြုံခဲ့ရဖူးတယ်။ ဒါပေမဲ့ သူဟာ အမှားတွေကို ချန်ခဲ့ပြီး နည်းစနစ်ပိုင်း အရမ်းကြွယ်ဝတဲ့ ခံစစ်သမား ဖြစ်လာပါတယ်။ ပြီးတော့ သူက ပြိုင်ဘက်ကို လှည့်စားတာမျိုးတွေလည်း လုပ်တတ်တယ်။ ခုချိန်မှာတော့ သူဟာ ကမ္ဘာ့အဆင့်၊ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ခံစစ်သမား ဖြစ်လာတာ အားလုံး အသိပါပဲ"ဟု မန်စီးတီးနှင့် ခြေစမ်းပွဲ မတိုင်မီ သတင်းထောက်များအား ပြောဆိုခဲ့သည်။

အာဆင်နယ် အသင်းသည် မန်စီးတီး အသင်းနှင့် အာရှတိုက်တွင် ခြေစမ်းပွဲ ကစားပြီးနောက် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည်။
Ref: The Sun

 

အားကစား

၎င်းမတိုင်ခင်က မန်ချက်စတာ ယူနိုက်တက်တွင် အောင်မြင်မှုများ ရရှိခဲ့သည့် ပါ့ခ်ဂျီဆန်ကဲ့သို့ပင် အိုးလ်ထရက်ဖို့ဒ်တွင် ကာလရှည်ကြာ ကစားပြီး အောင်ပွဲများ ရယူလိုကြောင်း ရှင်ဂျီ ကာဂါဝါက ပြောကြားလိုက်သည်။

တောင်ကိုရီးယား အသင်းခေါင်းဆောင်ဟောင်း ပါ့ခ်သည် မန်ယူတွင် ဆုဖလား များစွာ ရယူပြီးနောက် ယခုနွေရာသီတွင် QPRသို့ ပြောင်းရွှေ့သွားခဲ့သည်။ ပါ့ခ်သည် မန်ယူနှင့် အတူ (၇)နှစ် ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလားကို ရယူဖူးသည့် တစ်ဦးတည်းသော အာရှသား အဖြစ် မော်ကွန်း ရေးထိုးနိုင်ခဲ့သည်။ ဂျပန်လက်ရွေးစင် ကာဂါဝါသည် ယခု နွေရာသီတွင် ဂျာမန်ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်မှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည်။



အသက်(၂၃)နှစ်ရှိ ကာဂါဝါက "ကျွန်တော့် မန်ယူ ကစားသမား ဘဝဟာ ခုမှ အစပဲ ရှိပါသေးတယ်။ ပါ့ခ်ကတော့ အာရှတိုက်သား တစ်ယောက် အနေနဲ့ အကောင်းဆုံး ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါပြီ။ ဒါကို ကျွန်တော် သံသယ လုံးဝ မရှိပါဘူး" ဟု ဆိုသည်။ ၎င်းက "ပါ့ခ်ဟာ မန်ယူမှာ ပုံမှန်ပွဲထွက် ကစားသမား အနေနဲ့ အကြာကြီး နေရာရခဲ့ပါတယ်။ ကျွန်တော်လည်း အဲဒီလို ဖြစ်လာအောင် အချိန်ယူ တည်ဆောက် သွားမှာပါ။ မန်ယူမှာ သူကစားနေတာတွေကို မြင်ရတိုင်း ကျွန်တော် စိတ်ဓာတ် တက်ကြွရတယ်။ တကယ့် ထိပ်တန်း အသင်းကြီးတွေမှာ အာရှသားတွေ ထဲထဲဝင်ဝင် ကစားနိုင်ပါလား ဆိုပြီး ကျေနပ်ရပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

ကာဂါဝါက "ကျွန်တော် မန်ယူကို ရောက်လာတော့ သူနဲ့ အပြန်အလှန် ကူညီသွားနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ သူက အသင်းကနေ ထွက်သွားတာ ဝမ်းနည်းစရာပါပဲ။ ဘာပဲဖြစ်ဖြစ် ပါ့ခ်လိုပဲ ကျွန်တော် နေ့တိုင်းနေ့တိုင်း လေ့ကျင့်ရေး ကွင်းမှာ စူးစိုက်ကြိုးစားပြီး မန်ယူမှာ အချိန်အကြာကြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်"ဟု ဖွင့်ဟ သွားခဲ့သည်။
ကျွန်တော့် မန်ယူ ကစားသမား ဘဝဟာ ခုမှ အစပဲ ရှိပါသေးတယ်။ ပါ့ခ်ကတော့ အာရှတိုက်သား တစ်ယောက် အနေနဲ့ အကောင်းဆုံး ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါပြီ။ ဒါကို ကျွန်တော် သံသယ လုံးဝ မရှိပါဘူး...   

Jul 28, 2012

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်



ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -

“စိုးရိမ်ထိတ်လန့်တာပေါ့။ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့မှာလည်း ဘာမှ လုံခြုံမှု မရှိတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ ကျနော်တို့က အတော်လေးကို စိုးရိမ်နေရတယ်။ အခုဆို ကျနော်တို့ မစီစဉ်ရသေးဘူး၊ ကျနော်တို့ တနေနေရာရာမှာ ပေါင်းနေဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ဒီစက်ရုံကနေ မထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ရှေ့မှာ လုပ်ခဲ့တာတွေ ရှိတယ်။ အမျိုးမျိုး လှည့်ပတ်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကြားထဲမှာလည်း ဒီလိုမျိုး ဓားထောက်ပြီးတော့ မြန်မာမိန်းကလေးတွေဆီက ပိုက်ဆံတောင်းတာတို့၊ နယ်မြေခံတွေက လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ ထိတ်လန့်တယ် ဆိုတာက လူလည်းသေသွားတယ်။ မနေ့ကလည်း တဆက်တည်းမှာပဲ ဒီလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတော့ ဘာတွေ ဘယ်လို ပတ်သက်လို့လဲ၊ ကျနော်တို့က အဲဒါတွေကို စိုးရိမ်တာပေါ့နော်။ လောလောဆယ်က ကျနော်တို့က လူသေမှု ဖြစ်သွားတဲ့အတွက် ကျနော်တို့ မနေရဲတာလေ။ ညဘက်တွေမှာကျတော့လည်း ကိုယ့်ရဲ့ လုံခြုံမှုကို ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ဒါကတော့ ကျနော်တို့က ထိုင်းလူမျိုးတွေကို ဘယ်လိုမှလည်း နားမလည်ဘူးလေ။”

အလုပ်သမား ၂ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရနုတ်ရွာကနေ အလုပ်သမားတွေ ပြောင်းရွှေ့ကုန်ကြပြီး နောက်ထပ်လည်း အလုပ်အကိုင်အသစ်၊ နေရာအသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေကြပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ အလုပ်အကိုင် ရရှိရေးထက် လုံခြုံရေးက ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။

“ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေလျက်သားနဲ့ ဒီလို သေဆုံးသွားတာ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က ဘယ်သူ့ကိုမှ ယုံကြည်မှု မရှိတော့ဘူး။ အခု ကျနော်တို့က agent ကိုပြောတယ်။ ကျနော်တို့ အမြန်ဆုံး သွားချင်တယ်ဆိုပြီးတော့။ ကျနော့်လူတွေကို ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေရာကနေပြီးတော့ စီးပွားရေးထက် အသက်မွေးဝမ်းကျောင်းထက် လုံခြုံရေးကို အဓိက ထားပြီး ပြောင်းရွှေ့တာဖြစ်တယ်။ အဲဒီအထဲကမှ အကောင်းဆုံးဆိုတာကို ထက် ရွေးချယ်ပြီးတော့ တောင်းတာ။ သေဆုံးသွားတဲ့ ကိုအောင်ရဲ့ ဆွေးမျိုးတွေကတော့ ဆုံခလာ ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့ ဒီနေ့ပဲ ပြန်သွားပြီ။”

ဆုံခလာ ခရိုင်ဟာ ထိုင်း-မလေး နယ်စပ်မှာ ရှိပြီး အဲဒီဒေသဟာ ဥပဒေ စိုးမိုးမှု အားနည်းပြီး လုယက်မှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုကို မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာပါ။ လက်ရှိမှာတော့ ပစ်ခတ်ခံရမှုတွေဖြစ်ပြီး စိတ်မလုံဘဲ အမြဲ ထိတ်လန့် တုန်လှုပ်နေရတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေရေး agent ကုမ္ပဏီတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးတွေ မရှိသေးသလို စိုးရိမ်ထိတ်လန့်မှုတွေ အတွက် အကျိုးအကြောင်း ရှင်းပြမှုတွေလည်း မလုပ်သေးတာကြောင့် အလုပ်သမားတွေ အနေနဲ့ စိုးရိမ်နေရပြီး အလုပ်သမားအချင်းချင်း စုဝေးပြီး တိုင်ပင်မှုတွေ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

မိန်းကလေးများ အပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုပြီ


ညသည်မှောင်လွန်းလှ၏ ထိုညထက်ပိုလို့မှောင်သသည်ကား ညကိုတောင်ချောက်လှန့်ကုန်၏ အမှောင်ညကို အမှောင်ဖြင့်ပေါင်းလိုက်သောအခါ ညသည်မှောင်ထက် မှောင်သွား၏။ ယခုဆောင်းပါးကိုရေးဖို့စာရေးသူအတော်စဉ်းစားခဲ့ရ၏။ရေသင့်မရေးသင့်ချင့်ချိန်ရ၏။အထပ်ထပ်စဉ်း စားကြည့်လိုက်သောအခါရေးသင့်သည်ဟု ယူဆမိလာ၏။ဟုတ်သည် မှန်တာကိုရေးတာပဲအပြစ်တင်မယ်ဆိုလဲ တင်စေတော့ ရေးချင်တာတော့ရေးကိုရေးရမည်။

အမှန်အားဖြင့်ညသည်မှောင်၏။ သို့သော် အမှောင်ကြီးတော့မဟုတ် မှောင်တစ်ဝက်လင်းတစ်ဝက်သာ ဖြစ၏်။လသာညများမှာ အလင်းဓါတ်တော့ရှိသေး၏။ သို့သော် လသာသာမသာသာ ည သည်မှောင်၏။ အ ဘယ့်ကြောင့်ပါနည်း။ ပြီးခဲ့နှစ်ပိုင်းအတွင်း ကျနော် ရန်ကုန်သို့စာပေကိစ္စဖြင့်ခဏတိုင်း ရောက်ရှိခဲ့ရာ ည၏မှောင်မိုက်ခြင်းများ ကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၏။ရင်လေးမိသည်။ပုဇွန်တောင် ဘူတာအနီးသံလမ်းတစ်လျှောက် ပြည်သူ့ရင် ပြင် နှင့် ကျနော် ရောက်ခဲ့သမျှ လူလွတ်လပ် ရာမြို့တွင်းလမ်းဘေး မှန်သမျှ သူတို့တွေပျော်တော်ဆက်နေကြ ၏။

ညဟုသာဆိုလိုက်ရသော် လည်း ညသာမကနေ့ပိုင်းတွင်ပင်နှစ်ပါးသွားနေကြပြီ။အံ့သြမိသည်။ယနေ့ ခေတ်လူငယ်များ မလွယ်တော့ပြီ လူမြင်သောနေရာပါမကျန်မရှက်နိုင်တော့ပဲစိတ်အလိုကိုလိုက်နေကြသည်။မ ယုံသူများကိုယ်တိုင်သွားလေ့လာစေလိုသည် နေ့ပိုင်း လျှော်ကားဥယျာဉ် တိုင်းရင်းသားကျေးရွာ ပြည့်သူ့ရင် ပြင် ကန်တော်ကြီး တို့လိုနေရာမျိုးက စ ဥယျာဉ်ပန်းခြံမှန်သမျှ နှင့် စေတီဘုရားများပေါ်ထိ သွားကြည့်လိုက်ကြ စေချင်သည်။

လူငယ်တို့သဘာဝချစ်ကြိုက်ကြလို့ ချိန်းတွေ့ကြသည်ကားအပြစ်မဆိုသာ။ သို့သော် ချိန်းတွေ့ရုံတင် ဆို ဘယ်သူက သ၀န်ကြောင် ဒီလိုမျိုးရေးချင်မည်နည်း။ထီးတစ်ချောင်းနဲ့ သူတို့ခရီးသွားကောင်းနေကြသည့် မြင်ကွင်းကားမည်သို့နားလည်နိုင်မည်နည်း။ သေချာလိုက်ကြည့်နေလို့ မြင်ခဲ့ရတာမဟုတ်ပါ လူမြင်ကွင်းမသိမ သာ စိတ်အလိုလိုက်နေကြသည်မှာ ယိုသူမရှက်မြင်သူရှက်ရသည်။ ထီးကာရုံဖြင့်အပြည့်မလုံပါ အချို့အတွဲများ ထီးပင်မကာ ပန်းပင်ဘေးမှာ ဖြစ်ချင်ရာဖြစ်နေကြသည်။ တွေ့လိုက်သည့် စုံတွဲတိုင်းနီးပါ ထိုသို့အတူနေခြင်းမျိုး မဟုတ်သော်မှ အနည်းဆုံး ပါးစပ်ခြင်းဆက်သွယ်နေကြသည်။

အိမ်ထောင်မပြုမှီ အပျိုလူပျိုတို့ အတူနေသောဝါဒဆိုးကြီးသည် ။မြန်မာနိုင်ငံသို့ချိန်းခြောက်လို့လာပေပြီ ယနေ့အမျိုးသမီးပျိုလေးများ ကိုယ့်ရဲ့ဘ၀ကို ရိုက်ချိုးနေကြသည် တန်ဖိုးမထားကြ နွမ်းပါးအောင်လုပ်နေကြ ခဏတာဖြစ်ပေါ်လာသော စိတ်ကိုသူတို့လိုက်ရောလွန်းသည် မနူးလိုက်နှင့်လိုက်ဖို့အဆင်သင့်ဖြစ်နေကြသည် ဒီအားနည်းချက်ကို သိနေကြသောကိုကို လူလည်တို့ကလဲ မျောက်လက် ငပိအပ်လိုက်သည့်ပမာ ရသာရှိသာ ၏တစ်ဆိုဆိုလုပ်နေကြသည်။

စိတ်ထားခြင်းမတိုက်ဆိုင်လို့ ချစ်သူဘ၀မှ လမ်ခွဲလိုက်သောအခါ ဘယ်လိုလုပ်မည်နည်း။ဘ၀မှာအမည်း စက်တို့ကလိုက်နေတော့မည်။ချစ်သူသစ်ရှာဖို့ပင်ကိုယ့်စိတိမလုံမလဲဖြစ်ရတော့မည်။ဆေးသောက်ပျောက် ခေတ်ကြီးမှာ ဒါမျိုးရေးမနေပါနဲ့ဆိုကြဦးမည်။ဆေးဆိုသည်မှာ တန်ဆေးလွန်ဘေးဖြစ်သည်။ ဆရာဝန်တို့ရဲ့ ပြောပြချက်အရ တားဆေး သုံးလွန်းသောအမျိုးသမီးများသည် အသားအိမ်ရောဂါရနိုင်ကြောင်းနှင့် ဆေးမတိုး တော့ပဲ ကိုယ်ဝန် တည်နိုင်ခြင်း မွေးလာသောသားသမီးများလူစဉ်မမှီဖြစ်တတ်ခြင်းတို့အပြင် အခြားဆိုးကြိုး များစွာ ခံစားရကြောင်းသိရသည်။

အိမ်ထောင်မပြုသေးလို့ အပျိုလူပျိုဟုခေါ်နေရသော်ငြားယနေ့ခေတ်သည် အပျို လူပျိုဂုဏ်ရည်တို့မရှိ ကြတော့ လှပသောဖြူစင်သောဘ၀ကိုမပိုင်ဆိုင်ကြတော့အများစုမှာ ဒီသို့သာဖြစ်သည်။လူ့ဘ၀ကိုရလာဖို့ အလွန်ခက်ခဲလှသည် ။အလွယ်ရလာသည်မဟုတ် ။ထိုသို့သောဘ၀ကို ကိုယ်ကျင့်သီလမဲ့ စွာ ဘ၀ပျက်သုဉ်း သည့်အဖြစ်မျိုးရှောင်ကြဉ်စေလိုပါသည်။

ဆိုးဝါးဆုံးအခြေနေကို ယနေ့လူငယ်များနှင့်မိဘ များသတိထားဖွယ်တင်ပြစေလိုသေးသည်။ယနေ့အ လုပ်သွားအလုပ်ပြန်လူ ငယ်များ အလုပ်သွားတစ်ခါ အလုပ်ပြန်တစ်ခါ အတူတွေ့ဆုံနေကြသည်။ရိုးရိုးတွေ့ခြင်း မျိုးမဟုတ် နှီးနှောခြင်းအမြဲပြုနေကြသည် ။မနက်ပိုင်းအလုပ်အသွားမသိသာလှသော်လည်း ညနေအလုပ်ဆင်း မှောင်ရီချိန်တွင် ပိုလို့သိသာစွာတွေ့ရသည်။ ပုဇွန်တောင်ဘူ တာနှင့် ဘူတာကြီးကြားအလွန်ပေါ သည် ထမင်း ချိုင့်လေးများဘေးမှာ ချ နှစ်ပါးသွားကြသည် ပြီးမှအိမ်ပြန်သည်။ကဲ ဘယ့်နဲ့လုပ်ရပါ့။ မြို့တွင်းလူလပ်ရာနေရာ လည်းထိုတိုင်းပင် လူထူထပ်ရာနေရာများမှာပင် လမ်းဘေးကားရပ်ခါအလုံပိတ်ပြီး ကားလှုပ်အောင်ကနေကြပြီ ဆိုးဝါးလိုက်ပါဘိ။

ရန်ကုန်မြို့အချို့ပန်းခြံဥယျာဉ်ကြီးများသည် ည ၁၀ နာရီကျော်သည်ထိမပိတ်ပဲ ဖွင့်ပေးထားသည်မှာ သူ တို့အတွက်မဟာအခွင့်ရေးကောင်းကြီးဖြစ်နေကြသည်။ရန်ကုန်မြို့ကိုဦးတည်ရေးနေသောကြောင့် အခြားမြို့ များမပါမထင်လိုက်ပါနှင့် သိပ်တော့မထူးလှပေ ။ မန္တလေးလိုမြို့ကြီးများတွင် မန်းတောင်ခြေတောတောင်ကြား နေ့ခင်းပိုင်းပင်ဆိုင်ကယ်နဲ့သွား ခါ စိတ်အလိုလိုက်နေကြသည်။ ညပိုင်း ဘူတာကြီးအနောက်ဘက် ၇၉ လမ်း ၃၁x၃၄လမ်းကြားတွင် အလွန်ပေါသည် ရန်ကုန်လိုမျိုးလမ်းဘေးကားရပ် အလုံပိတ်ခါ ဖြစ်ချင်ရာဖြစ်နေကြသည် လဲရှိသည်။ မိဘများသတိထားပေးကြစေချင်ပါသည်။

အဆိုးဝါးဆုံးသောမြင်ကွင်းတစ်ခုကို ကျနော်မြင်ခဲ့ဖူးသည် မန္တလေးမြို့ရှိ ဘုရားဝန်းတစ်ခုအတွင်းစုံတွဲ အလွန်ပေါလွန်းလှသည်။ ဘုရားရင်ပြင်ပန်းပင်နားမှာ သူတို့ အတူနေကြသည်။ကျနော်ဘုရားဖူးသွားခဲ့သော ထိုဘုရားမယ်မှောင်ရီပျိုးသောအချိန်ဖြစ်သာ ဘုရားဥမှင်လိုင်ထဲတွင် မောင်မယ်နှစ်ဖော်အတူလှဲအိပ်ခါမ တော်တရောပြုလုပ်နေကြသည်အံ့ရော။ဘုရားအထဲတွင်ထိထိုသို့မဖွယ်မရာပြုလုပ်ခြင်းမှာရိုင်းလွန်းလှသည်။ ပုဂံ ညောင်ဦး ရှိဘုရားများတွင်လည်းထိုနည်းတူများစွာတွေ့ရသည်။ဒီလောက်ထိဆိုးနေသည်မို့ကျနော်ဒီစာ ကိုရေးသည်မှာလွန်အံ့မည်မထင်။

ရေးဖို့ကျန်နေပါသေးသည်။ ထို့သို့ဖောက်ပြန်နေသော အထဲတွင် အလွန်ငယ်နေသေးသောအထက် တန်း နှင့်တက္ကသိုလ် ကျောင်းသား ကျောင်းသူလေးများပင် ပါနေသည်မှာ ကြောက်မက်ဖွယ်အတိဖြစ်သည်။ ကျောင်းဝတ်စုံများဖြင့် တွေ့နေကြသည်ကို ကြုံခဲ့ဖူးသည်။အော် အားလုံးဖောက်ပြန်နေကြပေပြီ။ ကျနော့်မိတ်ဆွေများက ပြောဖူးသည် ခုခေတ်ကတော့ဒီတိုင်း ကြီးပဲ မောင်ရေ့ ချစ်သူသမီးရည်းစားတိုင်း နေ့စဉ်ချိန်းတွေ့တိုင်း သူမပါမပြီးဖြစ်နေပြီ လမ်းဘေး ပန်းခြံ ဘုရားတွေတင်မက ငွေသုံးရင်သုံးနိုင်သလို တည်း ခုခန်း ဟိုတည် တွေမှာ တစ်ဆက်ရှင်ဘယ်လောက်ဆိုတဲ့အခန်းတွေ ယူပြီး ကာမမှာနစ်မွန်းနေကြပြီ။အချို့ဆို အိမ်ကို ဒီညဘယ်အိမ်မှာအိပ်မလို့ ခရီးသွားမလို့နဲ့အကြောင်းပြပြီး ညလုံးပေါက်ချစ်သူနဲ့အတူဟိုတယ်မှာသွား အိပ်ကြတယ်တဲ့။ မိဘတွေသားသမီးကိုမယုံသင့်တော့ပါ။

ချစ်သူခြင်းကာမဆက်စပ်မှုကို ယနေ့ ထမင်းစားရေသောက်ပမာအလွယ်တကူပြုလုပ်နေကြသည်။ရိုင်း သလိုဖြစ်သွားမလားတော့မသိ။ဘယ်အဆင့်ထိယနေ့အမျိုးသမီးတွေ နှိမ့်ကျသွားသလဲ တန်ဖိုးမဲ့သွားသလဲဆို လျှင် ပြည်တန်ဆာမများလောက်ပင် တန်ဖိုးမရှိဟု ဆိုနိုင်သည်။ ဘာကြောင့်ဆိုသော် အလုပ်သွားအလုပ်ပြန်နေ့ စဉ်ပုံမှန် ဒါမှမဟုတ်ချစ်သူနဲ့တွေ့တိုင်းအမြဲ စိတ်လိုလိုက်ခါအတူနေကြသောကြောင့်ပင်။ပြည်တန်ဆာမ များက ငွေရမှ ကာမကိုပေးကြသည်။ ယနေ့သမီးပျိုတော်တော်များများကတော့ ချစ်သူနဲ့တွေ့တိုင်း ဖတီး အလွတ် တန်းပေးဆပ်နေကြသည် စည်းမရှိကမ်းမရှိ။ ဒါကြောင့် ပြည်တန်ဆာက တောင်စည်းရှိနေသည်။ပြည်တန်ဆာ ထက်တန်ဖိုးကျနေကြပြီ။

အော်ခေတ် ခေတ် ဆိုးဝါးလိုက်တဲ့အဖြစ် ။ဒီလိုအဖြစ်မျိုးမကြုံရအောင် တန်ဖိုးမမဲ့အောင် မေပျိုတို့ဘ၀ကို တန်ဖိုးထားကြပါ ။ နှမျှောကြပါ ။ လို့ဆိုခြင်သည်။မိဘများလည်း သားသမီးများကို အထူးဂရုပြုကြဖို့တိုက်တွန်း ပါသည်။ကဲကျနော် ရေးသည့်သလား ရေးတော့ပြီးပြီ မှန်တာကိုရေးလို့ စိတ်တိုလဲတိုစေတော့ မြန်မာအမျိုးသမီး တိုင်းဘ၀ကိုတန်ဖိုးထားလာတတ်ရင်ကျေနပ်သည်။

ကိုကို ညီညီ တို့ကိုလည်းမှာချင်ပါသည်။ အခွင့်ရတိုင်းမယူကြပါနှင့် သူ့ကိုတကယ်ချစ်လျှင်သူ့ဘ၀ကို တန်ဖိုးထားရမည်။ ကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်ရမည်။ လူပျိုဘ၀ ကိုအလွယ်မစွန့်ပါနှင့် ကိုယ်ကျင့်တရား ကိုချစ်မြတ်နိုးပါ။ မိန်းကလေးဆိုတာ ပျော့ သည် ထို့ကြောင့်ယောက်ကျားလေးတို့စွဲရာပါတတ်သည်။ဒါကိုအ ခွင့်ကောင်းမယူကြစေချင်။မကောင်းသည့်ဘက်မှာ အခွင့်ကောင်းယူလျှင် ကောင်းသည့်ဘက်မှာ ပျော့ညံ့မှန်း သိပ်သိသာ သည် အားကိုးထိုက်သောယောက်ကျားလေးမဟုတ်တော့။

ထို့ကြောင့် …..

ယနေ့ခေတ်မောင်မယ်များ စိတ်အလိုလိုက်မှုအစဉ်ထား

ကိုယ့်ဘ၀ကိုတန်ဖိုးထား ကိုယ်ကျင့်တရားမြဲစို့လား

ဟုဆိုလိုက်ချင်ပါသည်။

ဘ၀လေးများလှပစေလိုသောဆန္ဒဖြင့်…
Myanmar Express မှပြန်လည်ကူးယူထားပါသည်။

. မျိုးကျော့မြိုင် စိတ်ဖောက်ပြန်ပြီး ကလေးတစ်ယောက်ကို ထိုးပြန်


အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့ သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ ဓါတ်ပုံတွေကို အင်တာနက်အီးမေးတွေ ကနေ တဆင့် လက်ခံရရှိခဲ့ပါတယ်။
        




မောင်ဟိန်းမင်းသူ

နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံခဲ့ရပြီးတာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်လို့ မောင်ဟိန်းမင်းသူ နဲ့ အဆိုတော် မျိုးကျော့မြိုင်တို့ကို RFA အဖွဲ့သားတွေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို နားဆင်ပါ။

http://www.rfa.org/burmese/news/child-abuse-05262012131106.html/b0526nrk7.mp3

အရင်တုန်းကလည်း မျိုးကျော့မြိုင် ဟာ မင်းသမီး ထွန်းအိန္ဒြာဗိုလ် နဲ့ ကာမ အကြောင်း ပြောထားတဲ့ အသံဖိုင်တွေ ထွက်ခဲ့ဖူးသလို မင်းသား ပြေတီဦးရဲ့ ဒီဇိုင်နာ အမျိုးသမီးနဲ့ ကာမ ဆက်ဆံနေတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ခဲ့ဖူးပါတယ်။



အခုတော့ မျိုးကျော့မြိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝင်ထွက် သွားလာနေတယ်လို့ သိရပါတယ်။


                                                            Myanmar Express
 








Jul 26, 2012

နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ သုံးစွဲနိုင်တော့မည်

အမေရိကန်နှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ချပြီး  စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံသုံးစွဲခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၁၃မှစတင်ပြီး ဗီဇာ၊ ဂျေစီဘီ၊ စီယူပီ ခရက်ဒစ်ကဒ်များ သုံးစွဲနိုင်မည် (ဓာတ်ပုံ – Reuters)
လာမည့် ၂၀၁၃မှ စတင်ကာ ပြည်တွင်းသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နိုင်ငံ တကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည့် ဗီဇာကတ် Visa Credit Card ၊ ဂျပန်နိုင်ငံသုံး ဂျေစီဘီ ကတ် Japan Credit Bureau (JCB) Credit Card နှင့် တရုတ်နိုင်ငံသုံး စီယူပီ ကတ် China Union Pay (CUP) Credit Card သုံးမျိုးကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိကဘဏ် သတင်း ရပ်ကွက်များက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ခရက်ဒစ်ကတ် စနစ်ကို  မြန်မာနိုင်ငံ ဗဟိုဘဏ်၏ MPU (Myanmar Payment Union) စနစ်လုပ်ခွင့် ရ အဖွဲ့ဝင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက် ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါ နိုင်ငံတကာ ခရက်ဒစ်ကတ်များသုံးစွဲခွင့်ကို လက်ခံပေးမည့် ဘဏ်များသည် ပြည်တွင်းရှိ စူပါ မားကတ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များအစရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း သဘော ချိတ်ဆက်မှုများကို လာမည့် လအနည်းငယ်အတွင်း စတင်ဆောင်ရွက်သွားတော့မည်ဟုလည်း သိရသည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ ဖြိုး မှုဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြဝတီ ဘဏ်တို့ ပါဝင်ကြောင်း သိရသည်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ ကာတွန်းပြပွဲ နှစ်ကား အပယ်ခံရ

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းအတွက် ဒုတိယ အကြိမ် ရံပုံငွေ ကာတွန်း ပြပွဲ
ရန်ကုန်မြို့တော် ပန်းဆိုးတန်း လောကနတ် ခန်းမတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၇၇ ဦး ရေးဆွဲထားသည့် ကာတွန်းကား ၁၆၈ ကားကို ပြသခွင့်ရခဲ့ပြီး ကာတွန်းဆရာ ရွှေဘို နှင့် ကာတွန်းဆရာ အာယုတို့၏ လက်ရာ--

ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့်အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အနီးရှိ
ကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါင်း ၈၈ ဦးဖြစ်ကြောင်း သံတွဲအကျဉ်းထောင်မှ အရာရှိ တစ်ဦးကပြောသည်။

၎င်းတို့အား ဖမ်းဆီးခဲ့စဉ်က သံတွဲမြို့နယ်၊ လ.၀.က ဦးစီးမှူးက ယင်းဘင်္ဂါလီများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် သံရုံး တို့ညှိနှိုင်းနေကြောင်း၊ လက်ခံပါက ပြန်ပို့မည်ဖြစ်ကြောင်းနှင့် ၎င်း
တို့ ဦးအား လ.၀.က ဥပဒေအရ အရေးယူ သွားရမည် ဖြစ်ကြောင်းပြောခဲ့သည်။

ထို့နောက် ဇူလိုင် ၄ ရက်တွင် သံတွဲမြို့နယ် တရားရုံး၌ ဂွမြို့နယ် လ.၀.ကဦးစီးမှူးက တရားလိုလုပ်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်
စွဲဆိုစစ်ဆေးခဲ့ပြီး  ဇူလိုင် ၁၆ ရက်တွင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သံတွဲဒေသခံရှေ့နေတစ်ဦးက ပြောသည်။

၎င်းတို့နှင့်အတူ အသက် ၁၂ နှစ်ခန့် အရွယ်ယောက်ျားလေးတစ်ဦးပါခဲ့ရာ ထောင်ဒဏ်ချမှတ်ပြီးနောက်တွင် အဆိုပါကလေးငယ်အား သံတွဲ မြို့နယ် လ.၀.က ရုံးတွင်ခေါ်ယူထားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဗလီတွင်ခေါ်ယူစောင့်ရှောက်ထားရန် ပြောသောကြောင့် သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ခဲ့သည်။

“ဒါမျိုးက ခဏခဏ ကြုံရတယ်၊ လ.၀.က ကဖမ်းပြီး ထောင်ကလွတ်လာတဲ့ ဒေသအသီးသီးက
မွတ်စလင်တွေကို နေရပ်ပြန်မပို့ခင် ဗလီတွေမှာခေါ်ထားပြီး ကျွေးမွေးထားရတယ်၊
သူတို့က တာဝန်မယူဘူး၊ လူသားချင်းစာနာမှုနဲ့ ခေါ်ထားခဲ့ရတာ ပေါ့”  ဟု အကူအညီ
ပေးခဲ့သူ တစ်ဦးကပြောသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ တရားမ၀င်သွားရောက်သူများမှာ သဘာဝ ဘေးအန္တရာယ်နှင့် တာဝန်ယူပို့ဆောင်ပေးသူများ၏ မသမာမှုကြောင့် သံတွဲခရိုင်အတွင်း မကြာခဏ
သောင်တင် ဖမ်းမိလေ့ရှိကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။        ။

by Yangon Press International