သီချင်းနားဆင်ရန်

Jul 29, 2012

အားကစား

ဘိန်းစ်ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် မန်ယူစီစဉ်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်အား ကမ်းလှမ်းရန် စတင် လုပ်ဆောင်နေကြောင်း သိရှိရသည်။


မန်ယူ အသင်းသည် အသက်(၃၁)နှစ် ရှိပြီဖြစ်သော ပက်ထရစ် အီဗရာ နေရာတွင် ကျားကန် အားဖြည့်ရန် ဘိန်းစ်ကို စိတ်ဝင်စား ခဲ့သော်လည်း အင်္ဂလန် လက်ရွေးစင် အသင်း၏ ဒုတိယ ဦးစားပေး ဘယ်တောင်ပံ ခံစစ်သမား အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၂)သန်းထက် ပိုသုံးဖွယ် မရှိဟုလည်း သတင်းများက ဆိုသည်။ Goal.com က မန်ယူ အသင်းသည် လာမည့် သီတင်းပတ်တွင် ဘိန်းစ်အတွက် ချဉ်းကပ် ကမ်းလှမ်းမှုကို အတည်ပြု စတင်လာဖွယ် ရှိနေကြောင်း ဖော်ပြသွားသည်။

မန်ယူမှ စိတ်ဝင်စားနေသည့် ဘိန်းစ်

မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဘယ်နောက်ခံ နေရာသည် ရာသီသစ်အတွက် မန်ယူအသင်း ဂရုပြုရမည့် ဇုန်နေရာ တစ်ခုအဖြစ် ဝန်ခံထားသည်။ မန်ယူသည် အရန် ဘယ်နောက်ခံလူ ဖေဘီယို ဒါဆေးလ်ဗားကိုလည်း QPR သို့ အငှား ချထားပြီးဖြစ်ရာ နောက်ထပ်လူသစ် တစ်ဦး မဖြစ်မနေ ဝယ်ယူရဖွယ် ရှိနေသည်။ အသက်(၂၇)နှစ်ရှိ ဘိန်းစ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး (၁၁)ဦး စာရင်းတွင် ဘယ်တောင်ပံ ခံစစ်နေရာအတွက် ရွေးချယ် ခံခဲ့ရသည်။

အဲဗာတန်သည် ၎င်းတို့၏ Free Kick အထူး ကျွမ်းကျင်သူ ကစားသမားကို ရောင်းချရန် ဆန္ဒ မရှိသော်လည်း ဘဏ္ဍာရေး အနေအထားကြောင့် ဘိန်းစ်အတွက် ကမ်းလှမ်းမှုများအား အလေးထား စဉ်းစားရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
အင်္ဂလန် လက်ရွေးစင် အသင်း၏ ဒုတိယ ဦးစားပေး ဘယ်တောင်ပံ ခံစစ်သမား အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၂)သန်းထက် ပိုသုံးဖွယ် မရှိ...
Ref: Goal

No comments:

Post a Comment