သီချင်းနားဆင်ရန်

Jul 29, 2012

အားကစား

အိုလံပစ် အပြီးတွင် အနာဂတ်ကို ဆုံးဖြတ်မည်ဟု မိုရာဖွင့်ဟ PDF Print E-mail
 မန်ချက်စတာ ယူနိုက်တက် အသင်းက ချိတ်ဆက်နေသော ဘရာဇီးလ် လူငယ် ကွင်းလယ် ကစားသမားလေး လူးကက်စ် မိုရာက ၎င်း၏ အနာဂတ်ကို အိုလံပစ် အပြီးမှ ဆုံးဖြတ်မည်ဟု ပြောကြားလိုက်သည်။

မိုရာသည် လတ်တလောတွင် ဘရာဇီးလ် အသင်းနှင့် အတူ လန်ဒန်တွင် အိုလံပစ်ပွဲကို ပါဝင် ယှဉ်ပြိုင်လျှက် ရှိသည်။ ဘရာဇီးလ်၏ အနာဂတ် အတောက်ပဆုံး Wonderkidလေး တစ်ဦးအဖြစ် တင်စား ခံရသော ဆော်ပေါ်လို ကစားသမားလေးက အိုလံပစ် မပြီးမချင်း မည်သည့် အပြောင်းအလဲကိုမျှ စဉ်းစားမည် မဟုတ်သေးကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၁၉)နှစ်သာ ရှိသေးသည့် မိုရာ အတွက် မန်ယူ အသင်းက ဆော်ပေါ်လိုထံ ပေါင်စတာလင် (၂၉)သန်းဖြင့် ကမ်းလှမ်း ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မန်ယူ အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မိုရာကို အလိုရှိကြောင်း အတည်ပြုထားပြီး သတင်းများက မန်ယူသည် ယခုဈေးထက် ပိုမိုမြင့်မားသော ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် မသေချာဟု ဖော်ပြလျှက် ရှိသည်။ မိုရာက "လောလောဆယ်တော့ ကျွန်တော် ဘရာဇီးလ်နဲ့ ဆော်ပေါ်လို အတွက်ပဲ အာရုံစိုက် ထားပါတယ်။ အိုလံပစ် ပြီးသွားရင်တော့ ကျွန်တော့် အနာဂတ်ကို သေချာ ဆုံးဖြတ်မှာပါ" ဟု ဆိုသည်။ မိုရာ၏ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာ ရစ်ဘီရိုကမူ မိုရာသည် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် အသင်းကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောကြားထားသည်။
လောလောဆယ်တော့ ကျွန်တော် ဘရာဇီးလ်နဲ့ ဆော်ပေါ်လို အတွက်ပဲ အာရုံစိုက် ထားပါတယ်။ အိုလံပစ် ပြီးသွားရင်တော့ ကျွန်တော့် အနာဂတ်ကို သေချာ ဆုံးဖြတ်မှာပါ...

No comments:

Post a Comment