သီချင်းနားဆင်ရန်

Jul 29, 2012

အားကစား

ဟွိုင်လတ်အား စာချုပ် ခေါ်ယူလိုက်သည့် QPR



QPR အသင်းသည် ဘလက်ဘန်း ရိုဗာမှ တောင်ပံတိုက်စစ် ကစားသမား ဂျူနီယာ ဟွိုင်လတ်အား စာချုပ် ခေါ်ယူနိုင်ခဲ့ပြီဟု သိရှိရသည်။

တန်းဆင်းသွားသည့် ဘလက်ဘန်း အသင်းမှ အသက်(၂၂)နှစ်အရွယ် ကနေဒါ လက်ရွေးစင်သည် လိုတက်ဖ်ရုဒ်တွင် (၄)နှစ်ကြာ ကစားရန် သဘော တူညီမှု ရရှိခဲ့သည်။ ဟွိုင်လတ်သည် ဘလက်ဘန်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီး QPRသို့ အလွတ် ပြောင်းရွှေ့ ခဲ့သော်လည်း အသက်(၂၄)နှစ်အောက် ကစားသမားများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်း အရ QPRသည် ဘလက်ဘန်းအား နစ်နာကြေး အထိုက်အလျောက် ပေးချေရမည် ဖြစ်သည်။ QPRမန်နေဂျာ မာ့ခ်ဟုဂ်ျ အတွက်မူ ဟွိုင်လတ်အား ခေါ်ယူမှုသည် ယခုနွေရာသီ သတ္တမမြောက် လူသစ်ဖြည့်တင်းမှု ဖြစ်လာသည်။



QPRသည် ရော့ဘ်ဂရင်း၊ ရိုင်ယန်နယ်လ်ဆင်၊ ဖေဘီယို ဒါဆေးလ်ဗား၊ ပါ့ခ်ဂျီဆန်၊ ဆမ်ဘာ ဒီယာကီတာနှင့် အင်ဒရူး ဂျွန်ဆင်တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။ ဟွိုင်လတ်က "QPRဟာ လမ်းကြောင်းမှန်နဲ့ ရှေ့ဆက်နေတဲ့ အသင်း တစ်ခုပါ။ သူတို့ဟာ နောက်တစ်ဆင့် တက်ဖို့ ရည်မှန်းချက်ထား ကြိုးစားနေတာ ဖြစ်ပြီး ဒီစီမံကိန်းမှာ ကျွန်တော် ပါဝင် လိုပါတယ်။ QPRဟာ ကျွန်တော့် ကစားသမားဘဝ အနာဂတ်ကို တည်ဆောက်ဖို့ အသင့်တော်ဆုံး နေရာ တစ်ခုပါပဲ" ဟု ပြောကြား သွားသည်။

QPRသည် နယူးကာဆယ်လ် ယူနိုက်တက်၊ ဂျာမန်ကလပ် ဘိုရပ်ရှား မိုချင်ဂလတ်ဘတ်ခ်ျတို့နှင့် အပြိုင်ကြိုးစားပြီး ဟွိုင်လတ်ကို ခေါ်ယူနိုင်ခဲ့သည်။ ဟုဂ်ျက "ဟွိုင်လတ်ဟာ အသက်ငယ်ငယ်နဲ့ ကြိုးစားနေတဲ့ လူငယ် တစ်ယောက်ပါ။ ဘလက်ဘန်းမှာ ကတည်းက ကျွန်တော် သူ့ကို သိကျွမ်းခဲ့ပါတယ်။ အဲဒီကတည်းက ဟွိုင်လတ်ဟာ ထိပ်တန်း အရည်အသွေးမျိုးတွေ ပိုင်ဆိုင်တဲ့ ကစားသမား တစ်ယောက် ဆိုတာ ပြသနိုင်ခဲ့တယ်။ သူဟာ ပင်ကိုယ် ခြေစွမ်း ထက်မြက်သလို အသင်းနဲ့လည်း အံဝင်အောင် ချိတ်ဆက် ကစားတတ်သူ တစ်ယောက်ပါ"ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
QPRဟာ လမ်းကြောင်းမှန်နဲ့ ရှေ့ဆက်နေတဲ့ အသင်း တစ်ခုပါ။ သူတို့ဟာ နောက်တစ်ဆင့် တက်ဖို့ ရည်မှန်းချက်ထား ကြိုးစားနေတာ ဖြစ်ပြီး ဒီစီမံကိန်းမှာ ကျွန်တော် ပါဝင် လိုပါတယ်...

No comments:

Post a Comment