သီချင်းနားဆင်ရန်

Jul 29, 2012

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

       မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ

အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။

“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။

7Day News Journal


No comments:

Post a Comment