ဥရောပ ဖလား ပြိုင်ပွဲ ကာလအတွင်း သတင်းထောက် တစ်ဦးကို ဆဲရေး စော်ကားမှု အတွက် ဆမ်မီ နာဆရီအား ပြင်သစ် ဘောလုံး အဖွဲ့ချုပ်က (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။
မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမားသည် ဥရောပဖလား ကွာတားဖိုင်နယ်တွင် စပိန် အသင်းအား အရေးနိမ့် ထွက်ခွာ ရသည့် ပွဲစဉ်အပြီး၌ မီဒီယာသမား တစ်ဦးနှင့် ပြဿနာဖြစ်ပွားပြီး ဆဲဆိုခဲ့သည်။ ထို့အပြင် နာဆရီသည် စပိန်နှင့်ပွဲတွင် ကြီးကြပ်သည့် ဒိုင်လူကြီး နီကိုလာ ရစ်ဇိုလီနှင့် ပြင်သစ် ဂိုးသမား ဟူဂိုလောရစ်တို့ နှစ်ဦးလုံးနှင့်လည်း အချင်း များခဲ့သေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် နာဆရီကို ပြစ်ဒဏ် ချမှတ် ခဲ့သော်လည်း အရှုပ်အထွေးတွင် ပါဝင်သည်ဟု သတင်း ထွက်နေသည့် ဟေတမ် ဘန်အာဖာနှင့် ယန်းမားဗီးလားတို့ နှစ်ဦးကိုမူ အပြစ် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
ရိန်းစ်အသင်း ကွင်းလယ်လူ မားဗီးလားသည် စပိန်နှင့်ပွဲတွင် လူစားလဲခံရပြီးနောက် ၎င်းအစား ကွင်းအတွင်းဝင်မည့် တိုက်စစ်မှူး အိုလီဗာဂီရော့ဒ်ကိုရော၊ ပြင်သစ်နည်းပြ လောရင့်ဘလန့်ကိုပါ လက်ဆွဲ နှုတ်ဆက်ရန် ပျက်ကွက်ခဲ့သည်။ နယူးကာဆယ်လ် ယူနိုက်တက်၏ တောင်ပံတိုက်စစ် ကစားသမားမှာမူ ထိုစဉ်က ပြင်သစ်နည်းပြ တာဝန်ယူထားသည့် ဘလန့်နှင့် ခွန်းကြီးခွန်းငယ် စကားများခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရသည်။ သတင်းများက ဘန်အာဖာသည် အုပ်စုအဆင့်တွင် ဆွီဒင်အား အရေးနိမ့်သည့် ပွဲအပြီး အဝတ်လဲခန်းထဲ၌ ဘလန့်နှင့် ပြဿနာ တက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမားသည် ဥရောပဖလား ကွာတားဖိုင်နယ်တွင် စပိန် အသင်းအား အရေးနိမ့် ထွက်ခွာ ရသည့် ပွဲစဉ်အပြီး၌ မီဒီယာသမား တစ်ဦးနှင့် ပြဿနာဖြစ်ပွားပြီး ဆဲဆိုခဲ့ကြောင်းသိရသည်။
No comments:
Post a Comment