သီချင်းနားဆင်ရန်

Aug 3, 2012

နာနီကို ရီးယဲလ် စိတ်ဝင်စားလာ၍ မိုရာအတွက် ပိုမို အားထည့်ကြိုးပမ်း လာနိုင်သည့် မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် လူးဝစ်နာနီအား ရီးယဲလ် မက်ဒရစ်က စိတ်ဝင်စား လာသည့် အခြေအနေကြောင့် လူးကက်စ် မိုရာအား ရရှိရေး ကြိုးပမ်းမှုကို ပိုမို ဖိဖိစီးစီး လုပ်ဆောင်လာဖွယ် ရှိနေသည်။
တစ်ဖက်တွင် ပြင်သစ်ကလပ် PSG ကလည်း အသက် (၁၉)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကစားသမားလေး မိုရာအား အလိုရှိနေကြောင်း သတင်းများက မန်ယူအတွက် ဖိအားတစ်ရပ် ဖြစ်လာစေသည်။ ဆော်ပေါ်လို အသင်းက ပေါင်စတာလင် သန်း(၃၀)မျှ တန်ကြေး သတ်မှတ်ထားသည့် တောင်ပံ တိုက်စစ်မှူးလေး မိုရာသည် လတ်တလောတွင် ဘရာဇီးလ် အိုလံပစ် အသင်းနှင့်အတူ အင်္ဂလန်သို့ ရောက်ရှိနေသည်။ အစောပိုင်းက မိုရာ၏ မိဘများက မိမိတို့၏ သားသည် မန်ယူသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း ပြောဆို ခဲ့သေးသည်။

ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် ပေါ်တူဂီ လက်ရွေးစင် နာနီ၏ ပရိသတ် တစ်ဦးဖြစ်ပြီး ယခုအခါ ၎င်းအား ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့် လပိုင်းက မန်ယူသည် နာနီအား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု အဆင်မပြေသည့် အတွက် ရောင်းထုတ်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် ခဲ့ဖူးသည်။ ရီးယဲလ်သည် နာနီအား ပေါင်စတာလင် သန်း(၂၀) ဝန်းကျင်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရုရှားကလပ် အန်ဇီးကလည်း ကစားသမားအား စောင့်ကြည့်နေကြောင်း သိရှိရသည်။

No comments:

Post a Comment