သီချင်းနားဆင်ရန်

Aug 3, 2012

မာဆေးလ် နောက်ခံလူ အက်ဇ်ပီကျူတာ အတွက် နောက်တစ်ကြိမ် ကြိုးစားမည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းသည် အိုလံပစ် မာဆေးလ် နောက်ခံလူ ဆီဇာ အက်ဇ်ပီကျူတာအား ခေါ်ယူရန် ကြိုးပမ်းခဲ့ သော်လည်း ပြင်သစ် ကလပ်က ငြင်းဆိုလိုက်ကြောင်း သိရသည်။
ဥရောပ ချန်ပီယံ အသင်းသည် အက်ဇ်ပီကျူတာအတွက် ပေါင်စတာလင် (၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ကို အဆိုပြုခဲ့ သော်လည်း မာဆေးလ်က ပယ်ချလိုက်သည်။ ဟိုဆေး ဘော့ဆင်ဝါကို အသင်းမှ ထွက်ခွာရန် ခွင့်ပြုလိုက် သည့်နောက် ညာနောက်ခံ ကစားသမားသစ် တစ်ဦးကို ရှာဖွေလျှက် ရှိသည့် လန်ဒန် ကလပ်သည် အက်ဇ်ပီကျူတာ အတွက် လက်မလျှော့ဘဲ နောက်တစ်ကြိမ် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်းလည်း သတင်းများက ခန့်မှန်း ဖော်ပြခဲ့သည်။

မာဆေးလ်သည် စပိန် ကစားသမားအတွက် ပေါင်စတာလင် (၈)သန်း ပြောင်းရွှေ့ကြေး သတ်မှတ်ထားပြီး ယင်းဈေးအတိုင်း ချယ်လ်ဆီးက ပေးချေလာရန် မျှော်လင့်နေသည်။ အသက်(၂၂)နှစ်ရှိ အက်ဇ် ပီကျူတာသည် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာ မိုဗစ်ခ်ျ၏ ယခုနွေရာသီ အဓိက ဦးစားပေး ညာနောက်ခံ ပစ်မှတ် ကစားသမားလည်း ဖြစ်လာခဲ့သည်။ လက်ရှိတွင် ချယ်လ်ဆီး၌ ညာနောက်ခံလူ စစ်စစ်ဟူ၍ ပေါ်လို ဖာရဲရာ တစ်ယောက်သာ ရှိနေပြီး ဗဟို ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်အား ညာခြမ်းတွင် အသုံးပြုနေရသည်။

ချယ်လ်ဆီး မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် မာဆေးလ်၏ ပထမအကြိမ် ငြင်းပယ်မှုကို ကြုံခဲ့ရသည့်တိုင် ရက်ပိုင်းအတွင်း အက်ဇ်ပီကျူတာ အတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment