အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင် အသင်း ဦးစားပေး ဂိုးသမားအား စပါးအသင်းက ပေါင်စတာလင် (၅)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပစ်မှတ် ဖြစ်ဖူးကြောင်း နာမည်ကြီးခဲ့သည့် စတီ ကလန်ဘာ့ဂ်အတွက် အီတလီကလပ် ရိုးမား အသင်းက တန်ကြေး ပေါင်စတာလင် (၈)သန်းမျှ သတ်မှတ် ထားကြောင်းလည်း သိရသည်။ ရိုးမားအသင်းသည် စတီ ကလန်ဘာ့ဂ်အား ရောင်းထုတ်ရန် ဆန္ဒ မရှိသော်လည်း သတ်မှတ် နှုန်းထားအတိုင်း ကမ်းလှမ်း လာပါကမူ လက်ခံ စဉ်းစားဖွယ် ရှိနေသည်။
စပါးအသင်းသည် အသက်(၄၁)နှစ် ရှိပြီဖြစ်သော အမေရိကန် ဂိုးသမားကြီး ဘရက်ဒ် ဖရီဒယ်လ် နေရာတွင် ရေရှည် အစားထိုးရန် အတွက် လက်စွမ်းထက် ဂိုးသမား တစ်ဦးအား ရှာဖွေနေသည်။ အစောပိုင်းက စပါးမန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အိုလံပစ် လိုင်ယွန်မှ ပြင်သစ် လက်ရွေးစင် ဟူဂို လောရစ်နှင့် အင်တာမီလန်မှ ဘရာဇီးလ် လက်ရွေးစင် ဂျူလီယို ဆီဇာတို့အား စိတ်ဝင်စားမှု ပြသခဲ့သေးသည်။ စတီကလန်ဘာ့ဂ်သည် အေဂျက်စ် အမ်စတာဒမ်တွင် ပြသခဲ့သည့် လက်စွမ်းမျိုး ရိုးမားတွင် မရသေးသည့်နောက် အပြောင်းအရွှေ့ အတွက် စိတ်ဝင်စားနေဖွယ် ရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
No comments:
Post a Comment