သီချင်းနားဆင်ရန်

Aug 3, 2012

ဆောင်းနေရာ အစားထိုးရန် ဝမ်ညာမာအား အာဆင်နယ် စောင့်ကြည့်နေ

Click on the slide! 




  ဘာစီလိုနာ အသင်းက အဲလက်စ် ဆောင်းအား ပစ်မှတ် ထားလာသည့်နောက် အာဆင်နယ်သည် ဆဲလ်တစ်၏ ဗစ်တာ ဝမ်ညာမာကို ပြန်လည် စောင့်ကြည့်နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ် အသင်းတို့၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ယခင် ကတည်းက အသက် (၂၁)နှစ်အရွယ် ဝါညာမာအား ဂရုတစိုက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကင်ညာ လက်ရွေးစင် ကစားသမားသည် ကွင်းလယ် ခံစစ်ကို အကောင်းဆုံး တာဝန်ယူ ကစားနိုင်ပြီး ဆဲလ်တစ်က ၎င်း၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၇)သန်း ဝန်းကျင်မျှ မျှော်လင့်ထားကြောင်း သတင်းများက ဆိုသည်။ အာဆင်နယ်သည် ဆောင်းကို လက်လွှတ်ရပါက တိုက်ရိုက် အစားထိုးရန် ဝါညာမာအား ချိန်ရွယ်ထားခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသည် ဆီဒေါကီတာကို လက်လွှတ် လိုက်ရသည့်နောက် ယမန်နှစ် ဘောလုံးရာသီက အာဆင်နယ် နှင့်အတူ အထူးခြေစွမ်း ပြခဲ့သည့် ကင်မရွန်း လက်ရွေးစင် ဆောင်းအား စိတ်ဝင်စားလျှက် ရှိနေသည်။ ဘာစီလိုနာ နည်းပြသစ် တီတို ဗီလာနိုဗာသည် ဆောင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၆)သန်းထိ သုံးစွဲရန် အသင့် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ ဆောင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ကွင်းလယ်ခံစစ် တာဝန်အပြင် တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးကာ အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီ၏ သွင်းဂိုးများ အတွက် အထောက်အကူ ပေးနိုင်ခဲ့သည်။

No comments:

Post a Comment