သီချင်းနားဆင်ရန်

Aug 3, 2012

ကာဇိုလာအား မကြာမီ အာဆင်နယ် အပြီးသတ် စာချုပ်နိုင်ဖွယ် ရှိနေ


Click on the slide!


အာဆင်နယ် အသင်းသည် ၎င်းတို့ ပစ်မှတ်ထား ချိတ်ဆက်နေသည့် ဆန်တီ ကာဇိုလာအား မကြာမီ အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
အသက်(၂၇)နှစ်ရှိ စပိန် လက်ရွေးစင် အလယ်တန်း ကစားသမားအား အာဆင်နယ်က ပေါင်စတာလင် (၁၇.၃)သန်းဖြင့် ခေါ်ယူနိုင်ရန် အလွန်နီးစပ် နေပြီဟု သတင်းများက ဆိုသည်။ ကာဇိုလာသည် ယခုသီတင်းပတ် အကုန်တွင် လန်ဒန်သို့ လာရောက်ပြီး ဆေးစစ်မှု ခံယူဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ အာဆင်နယ်သည် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား လက်လွှတ်ရရန် နီးစပ်နေချိန်တွင် ကာဇိုလာအား ချိတ်ဆက်လာခြင်း ဖြစ်သည်။ မာလာဂါ အသင်းသည် ဘဏ္ဍာရေး အခက်အခဲများ ဖြစ်ပေါ်လျှက် ရှိရာ ဥရောပဖလား ချန်ပီယံ စပိန်အသင်းမှ ကစားသမားအား ရောင်းထုတ်ရန် ဖိအားများနှင့် ကြုံခဲ့ရသည်။

လက်ရှိတွင် မာလာဂါ အသင်းသည် ကာတာ ရှိတ်ခ်စော်ဘွား အက်ဘ်ဒူလာ ဘင်နာဆာ အယ်လ်သနီက ပြန်လည် ရောင်းချရန် စဉ်းစားသည့် အခြေအနေ မျိုးနှင့် ကြုံနေရသည်။ အသင်းသည် ကြီးကြီးမားမား ကြွေးမြီ ပြဿနာများ ရင်ဆိုင်နေရပြီး စည်းမျဉ်းများ အရ တန်းဆင်းပြစ်ဒဏ် ကျခံရမည့် အန္တရာယ်မျိုး ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုမျိုး ရှိနေသည်။ အာဆင်နယ်သည် လူးကက်စ် ပိုဒေါ့စကီးနှင့် အိုလီဗီရာ ဂီရော့ဒ်တို့ကို ခေါ်ယူထားပြီး ဖြစ်ရာ ကာဇိုလာကို ဝယ်ယူဖြစ်ပါက နွေရာသီ အသုံးစရိတ် ပေါင်စတာလင် သန်း(၄၀)မျှထိ ရှိလာမည် ဖြစ်သည်။

No comments:

Post a Comment