မန်ယူအသင်း၏ ငယ်မွေးခြံပေါက် ကစားသမားကြီးသည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ဘောလုံးကစားခြင်းမှ အနားယူခဲ့သော်လည်း အသင်း၏ လိုအပ်ချက်ကြောင့် ဇန်နဝါရီလတွင် တစ်ကျော့ပြန် ကစားပေးခဲ့သည်။ မန်ယူကစားသမား ဘဝကို တစ်ကျော့ပြန် ခံယူချိန်တွင်လည်း စခိုးလ်သည် အထူးတလည် ခြေစွမ်းပြကာ အသင်း၏ ကွင်းလယ်ကို ဦးဆောင်နိုင်ခဲ့သည်။ ဖာဂူဆန်က စခိုးလ်ကဲ့သို့ ကစားသမားမျိုးကို ဆက်ခံနိုင်မည့်သူ ရှာဖွေရေးမှာ အသင်းအတွက် အလွန့်အလွန် ခက်ခဲလွန်းကြောင်း ဖွင့်ဟသွားသည်။
"လွန်ခဲ့တဲ့ (၁)နှစ်က စခိုးလ်ဟာ မန်ယူ အရန်အသင်းမှာ နည်းပြဖြစ်နေတယ်။ ခုတော့သူဟာ ကစားသမားဘဝကို ပြန်လာခဲ့တယ်။ ဒီအတွက် မန်ယူနဲ့ ပတ်သက်သူတိုင်း အရမ်းဝမ်းသာကြပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက် မဟုတ်လား။ ကျွန်တော်တို့ဟာ စခိုးလ်နေရာကို အစားထိုးဖို့ အချိန်အကြာကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့က သိပ်ကို ခက်ခဲလွန်းတယ်။ ကမ္ဘာ့အဆင့်ထိ ကြီးကျယ် ခမ်းနားတဲ့ ကစားသမား တစ်ယောက်ကို လူစားထိုးဖို့ ဆိုတာဟာ လူတိုင်းအတွက် သိပ်ခက်မယ်ဆိုတာ ပြောစရာကို မလိုဘူးလေ"ဟု ဖာဂူဆန်က ဆိုသည်။
မန်ယူနောက်ခံလူ ရီယို ဖာဒီနန်ကလည်း "စခိုးလ်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်ပါ။ သူနဲ့တွဲကစားခွင့် ရတာဟာ လူငယ်တွေအတွက် သင်ယူနိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ သူဟာ အသင်းကနေ အချိန်တစ်ခုလောက် ပျောက်သွားပြီးမှ အကောင်းဆုံး ပြန်ကစားပေးတာဟာ တကယ့်ကို အံ့ဩစရာပါပဲ။ စခိုးလ်ဟာ ကစားသမား အားလုံး အတုယူ လေးစားသင့်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူ့အနေနဲ့ အကြာကြီး ဆက်ပြီး ကစားနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်" ဟုလည်း ပြောကြားသွားခဲ့သည်။
ကျွန်တော်တို့ဟာ စခိုးလ်နေရာကို အစားထိုးဖို့ အချိန်အကြာကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့က သိပ်ကို ခက်ခဲလွန်းတယ်။ ကမ္ဘာ့အဆင့်ထိ ကြီးကျယ် ခမ်းနားတဲ့ ကစားသမား တစ်ယောက်ကို လူစားထိုးဖို့ ဆိုတာဟာ လူတိုင်းအတွက် သိပ်ခက်မယ်ဆိုတာ ပြောစရာကို မလိုဘူးလေ..
No comments:
Post a Comment