သီချင်းနားဆင်ရန်

Aug 5, 2012

လင်ဒီဂါ့ဒ်အား (၄)နှစ် သက်တမ်းတိုး စာချုပ်လိုက်သည့် မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့၏ ဒုတိယ ဂိုးသမား အန်းဒါးစ် လင်ဒီဂါ့ဒ်အား (၄)နှစ် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်နိုင်ကြောင်း သိရှိရသည်။


ဒိန်းမတ် လက်ရွေးစင်သည် (၄)နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်တွင် (၂၀၁၆) ခုနှစ်ထိ ဆက်ရှိနေမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဂိုးသမားသည် လက်စွမ်းတည်ငြိမ်သူ တစ်ဦးဖြစ်ရာ ပထမဂိုးသမား ဒေးဗစ် ဒီဂီယာ၏ ပွဲထွက် နေရာကို ဖိအားပေး ခြိမ်းခြောက်နိုင်ရန် မန်ယူက မျှော်လင့်ထားသည်။ မန်ယူသည် အေလီဆွန် အသင်းထံမှ ဂိုးသမားကို (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလက ပေါင်စတာလင် (၃.၅)သန်း ဈေးပေးကာ ခေါ်ယူထားခဲ့သည်။ လင်ဒီဂါ့ဒ်သည် ပြီးခဲ့သည့် ဘောလုံးရာသီကမူ ဇန်နဝါရီလတွင် ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး စောစီးစွာ ရာသီသိမ်းခဲ့ရသည်။

No comments:

Post a Comment