ဖီအိုရင်တီးနား အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အန်ဒရီရာ ဒယ်လာဗယ်လီက အီတလီ စီးရီးအေ ကလပ်အသင်း အနေဖြင့် အကွီလာနီအား ဝယ်ယူရန် အပြီးအပြတ် သဘော တူညီမှု ရရှိခဲ့ပြီဟု ကြေညာသွားသည်။ (၂၀၀၉)ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးလ်သို့ ပေါင်စတာလင် သန်း(၂၀)ဖြင့် ရောက်ရှိလာသော ကစားသမားသည် အန်းဖီးလ်တွင် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ဘောလုံးရာသီ (၂)ခုဆက် အီတလီ ကလပ်များတွင် အငှားပြန် ကစားခဲ့ရသည်။ သို့သော်လည်း ဂျူဗင်းတပ်စ်နှင့် အေစီမီလန်တို့သည် အကွီလာနီအား အပြီးသတ် စာချုပ် ခေါ်ယူရန်မူ လက်မခံခဲ့ကြချေ။
ဖီအိုရင်တီးနား အသင်းသည် ပြီးခဲ့သည့် နွေရာသီ ကတည်းက အကွီလာနီအား အငှားခေါ်ယူရန် စီစဉ်ခဲ့သော်လည်း မီလန်အား အလျှော့ပေးခဲ့ရသည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် လီဗာပူးလ်နှင့်အတူ မြောက်အမေရိက ခြေစမ်းခရီးစဉ် လိုက်ပါသွားရာမှ မွေးရပ်မြေသို့ ပြန်လာကာ ဖီအိုရင်တီးနားနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ လီဗာပူးလ် အသင်းက ကလပ်နှင့် သက်ဆိုင်သူ အားလုံးသည် အနာဂတ်တွင် အကွီလာနီ အောင်မြင် အဆင်ပြေစေရန် ဆုမွန်ကောင်း တောင်းပေးပါကြောင်း ကြေညာခဲ့သည်။
ဖီအိုရင်တီးနား ဥက္ကဋ္ဌ ဒယ်လာဗယ်လီ "အကွီလာနီဟာ တကယ့် ကစားသမားကောင်း တစ်ယောက်ပါ။ ဖီအိုရင်တီးနားမှာ သူအကောင်းဆုံး ခြေစွမ်းပြနိုင်ပါလိမ့်မယ်"ဟု ဆိုသည်။ အကွီလာနီသည် လီဗာပူးလ်အတွက် (၂၈)ပွဲ ကစားကာ (၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
ဖီအိုရင်တီးနား အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အန်ဒရီရာ ဒယ်လာဗယ်လီက အီတလီ စီးရီးအေ ကလပ်အသင်း အနေဖြင့် အကွီလာနီအား ဝယ်ယူရန် အပြီးအပြတ် သဘော တူညီမှု ရရှိခဲ့ပြီဟု ကြေညာသွား...
No comments:
Post a Comment