သီချင်းနားဆင်ရန်

Aug 5, 2012

မန်ယူတွင် ကစားခွင့် ရရန် မျှော်လင့်ကြောင်း အိုဗီဒို ဖွင့်ဟ

ဒိန်းမတ်ကလပ် ကိုပင်ဟေဂင် အသင်းမှ နောက်ခံ ကစားသမား ဘရိုင်ယန် အိုဗီဒိုက ၎င်းသည် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ရပါက အလွန် ဂုဏ်ယူမိမည် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

အိုဗီဒိုသည် ဘယ်နောက်ခံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေသည့် မန်ယူအသင်း၏ ကာလရှည်ကြာ စောင့်ကြည့်မှုကို ခံနေရသူ ဖြစ်သည်။ အသက်(၂၂)နှစ်ရှိ အိုဗီဒိုက ၎င်းအနေဖြင့် ဆာအဲလက်စ် ဖာဂူဆန် လက်အောက်တွင် ကစားရမည် ဆိုပါက အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ဦးအဖြစ်သို့ တိုးတက်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အိုဗီဒိုသည် ဒိန်းမတ်လိဂ်တွင် တောက်ပသော ခြေစွမ်းကို ပြသခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်အချို့က ၎င်းအား စိတ်ဝင်စားလာခဲ့သည်။



လတ်တလောတွင် မန်ယူအသင်းသည် ပက်ထရစ် အီဗရာ၏ နေရာကို ထောက်ကန်ပေးရန် အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်ကို ချိတ်ဆက်လျှက်ရှိသည်။ အိုဗီဒိုက "ကျွန်တော့် နာမည်ကို အင်္ဂလိပ် သတင်းစာတွေမှာ ရေးနေတာ တွေ့တော့ ပထမဆုံးအကြိမ် ဂုဏ်ယူမိပါတယ်။ မန်ယူအသင်းရဲ့ စိတ်ဝင်စားမှုကို ခံရတယ်ဆိုတာက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါ။ ဒီလို အသင်းမျိုးမှာ ကစားခွင့် ရလာမယ်ဆိုရင် ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်လာမှာ ကျိန်းသေပါတယ်"ဟု ဆိုသည်။

မန်ယူအသင်းရဲ့ စိတ်ဝင်စားမှုကို ခံရတယ်ဆိုတာက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါ။ ဒီလို အသင်းမျိုးမှာ ကစားခွင့် ရလာမယ်ဆိုရင် ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်လာမှာ ကျိန်းသေပါတယ်..
၎င်းက ဆက်လက်၍ "ကစားသမား တစ်ယောက်ရဲ့ ဘဝမှာ အသင်းကြီး တစ်ခုအတွက် ကစားနိုင်ဖို့ ဆိုတာက အရေးကြီးပါတယ်။ လောလောဆယ်တော့ ကျွန်တော်က ကိုပင်ဟေဂင်မှာ ပျော်နေတုန်းပါ။ ဒါပေမဲ့ မန်ယူလို ထိပ်တန်း ကလပ်တစ်ခုက စိတ်ဝင်စားလာမယ်ဆိုရင် ကျွန်တော် အလေးအနက် မစဉ်းစားလို့ မရနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို မိသားစုနဲ့ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်အောင် ရွေးချယ်မှာပါ"ဟု ပြောကြားသွားသည်။

No comments:

Post a Comment