သီချင်းနားဆင်ရန်

Aug 5, 2012

မိမိအား အရန်အဖြစ် အသုံးပြုနေသည့် မန်စီးတီးကို ဒီဇီကိုဝေဖန်

မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီဒင်ဂျက်ကိုက ၎င်းအား အရန်အဖြစ်သာ အသုံးပြုနေသည့် အသင်းအပေါ် ဝေဖန်လိုက်ကြောင်း သိရှိရသည်။

ဘော့စ်နီးယား လက်ရွေးစင် ဂျက်ကိုသည် လွန်ခဲ့သော (၁၈)လက ဂျာမန်ကလပ် ဝုလ်ဖ်ဘာ့ဂ် အသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့ လာခဲ့သည်။ ၎င်းသည် မန်စီးတီးအတွက် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် (၁၆)ပွဲသာ ကစားခွင့် ရခဲ့သည်။ ၎င်းသည် (၁၉၆၈)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေး ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့သည့် မန်စီးတီးအတွက် (၁၄)ဂိုးသွင်းကာ အကူအညီ ပေးခဲ့သည်။ သို့တိုင်အောင် တိုက်စစ်သမားကောင်းများ ပေါကြွယ်ဝသည့် မန်စီးတီးတွင် ၎င်းသည် မန်စီနီ၏ အရန်အဖြစ်သာ ဆက်ရှိနေခဲ့သည်။


ဂျက်ကိုက "ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယ နှစ်ဝက်လောက်မှာ ကျွန်တော့် အနေအထားက ရုတ်တရက်ကြီး ပွဲထွက် ကစားခွင့်နဲ့ ကင်းကွာသွားတယ်။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် မတွေးတတ်တော့ဘူး။ အဲဒီကတည်းက ကျွန်တော့် ပုံမှန်ခြေစွမ်းလည်း ပျက်သွားခဲ့တယ်။ ကျွန်တော် မန်စီးတီးကို လာခဲ့တာက ပွဲကစားဖို့ပါ။ ပွဲတစ်ပွဲရဲ့ အပြင်မှာ ထွက်ထိုင်နေဖို့ဆိုတာ ကျွန်တော်တွေးထားတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်ဟာ အရန်ခုံထက် ပိုထိုက်တန်ကြောင်း မန်နေဂျာ သိစေချင်ပါတယ်။ တကယ်လို့ ခုအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ဘာအပြောင်းအလဲမဆို ဖြစ်လာနိုင်ပါတယ်"ဟု ပြောကြားသွားသည်။
ကျွန်တော် မန်စီးတီးကို လာခဲ့တာက ပွဲကစားဖို့ပါ။ ပွဲတစ်ပွဲရဲ့ အပြင်မှာ ထွက်ထိုင်နေဖို့ဆိုတာ ကျွန်တော်တွေးထားတဲ့ အရာတစ်ခု မဟုတ်ပါဘူး..

No comments:

Post a Comment