သီချင်းနားဆင်ရန်

Aug 8, 2012

မန်ယူရော PSG တွင်ပါ အခွင့်အရေး ရှိကြောင်း မိုရာ၏ အေးဂျင့် ပြောကြား

မန်ချက်စတာ ယူနိုက်တက်ရော၊ PSG အသင်းပါ လူးကက်စ်မိုရာကို ရရှိရန် အခွင့်အလမ်း ရှိနေကြောင်း အေးဂျင့်ဖြစ်သူက ဖွင့်ဟ ပြောကြား လာခဲ့သည်။
ဓနအင်အား တောင့်တင်းသော ပြင်သစ် ကလပ်သည် မန်ယူအသင်း ချိတ်ဆက်နေသည့် ဘရာဇီးလ် လူငယ် ကွင်းလယ် ကစားသမားလေးအား ပေါင်စတာလင် သန်း(၃၀)ဖြင့် ကြားဖြတ် ကမ်းလှမ်းကြောင်း သတင်းများ ထွက်ပေါ်လာသည့်နောက် မိုရာ၏ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာ ရစ်ဘီရိုက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အသက်(၁၉)နှစ်ရှိ ဘရာဇီးလ် အိုလံပစ် လက်ရွေးစင် ကစားသမားလေးသည် မည်သည့် အသင်းသို့မျှ ပြောင်းရွှေ့ရန် ကြိုတင် သဘော တူထားခြင်း မရှိသေးကြောင်းလည်း ရစ်ဘီရိုက ဆိုသည်။

ဆော်ပေါ်လို အသင်း၏ လူငယ် ကစားသမားလေးအား ကိုယ်စားပြုသည့် အေးဂျင့်က "ပထမတော့ မိုရာဟာ မန်ယူရောက်မယ်လို့ ပြောတယ်။ ပြီးတော့ PSG က အခြေအနေ ကောင်းနေပြီလို့ ပြောကြပြန်ရော။ လူတိုင်းက သူတို့စိတ်ကြိုက် ဇာတ်လမ်းမျိုးကို ဖန်တီးနေကြတာပါပဲ ဟု ပြောကြားခဲ့သည်။ ဆော်ပေါ်လို အသင်း ဒုတိယ ဥက္ကဋ္ဌ ဂျိုအို ပေါ်လို ဒီဂျီးဆက်စ် လိုပက်စ်က PSGထံမှ ကမ်းလှမ်းမှု တစ်ခုကို လက်ခံ ရရှိထားကြောင်း အတည်ပြုခဲ့သည်။ "မိုရာအတွက် PSGဆီက ကမ်းလှမ်းမှု တစ်ခုကို ကျွန်တော်တို့ ရထားပါတယ်။ PSGရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုဟာ ဆော်ပေါ်လို အသင်းနဲ့ သိပ်ကိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိထားသူပါ။ အပြောင်းအရွှေ့က ဘာမဆို ဖြစ်နိုင်ပေမယ့် ကစားသမားရဲ့ ဆန္ဒ အပေါ်မှာလည်း မူတည်ပါသေးတယ်" ဟု လိုပက်စ်က ဆိုသည်။

ပထမတော့ မိုရာဟာ မန်ယူရောက်မယ်လို့ ပြောတယ်။ ပြီးတော့ PSGက အခြေအနေ ကောင်းနေပြီလို့ ပြောကြပြန်ရော။ လူတိုင်းက သူတို့စိတ်ကြိုက် ဇာတ်လမ်းမျိုးကို ဖန်တီးနေကြတာပါပဲ...
၎င်းက "ကျွန်တော်တို့ဟာ ဘဏ္ဍာရေး ကဏ္ဍကိုလည်း ကြည့်ရပါမယ်။ PSGဟာ ဥရောပရဲ့ ကြီးကျယ်တဲ့ အသင်းကောင်း တစ်ခုပါ။ ကစားသမား ကိုယ်တိုင်ကလည်း စိတ်ဝင်စားပြီး အသင်းရဲ့ တောင်းဆိုမှုနဲ့လည်း ကိုက်ညီရင် မဖြစ်နိုင်စရာ အကြောင်း မမြင်ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်

No comments:

Post a Comment