သီချင်းနားဆင်ရန်

Aug 8, 2012

စတုတ်ခ်သို့ လာရောက် ကစားရန် အိုဝင်အား ခရော့ခ်ျတိုက်တွန်း

က်ကယ်အိုဝင် အနေဖြင့် စတုတ်ခ် စီးတီးတွင် လာကစား သင့်ကြောင်း ပီတာခရော့ခ်ျက ဖိတ်ခေါ်လိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် စာချုပ် ဖျက်သိမ်းပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသော အိုဝင်အား လတ်တလောတွင် စတုတ်ခ်က ချိတ်ဆက်လျှက် ရှိနေသည်။ ခရော့ခ်ျသည် လွန်ခဲ့သော (၁၂)လက စတုတ်ခ် အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၀)သန်းဖြင့် တော့တင်ဟမ် ဟော့စပါးထံမှ ဝယ်ယူခြင်း ခံထားရသူ ဖြစ်သည်။ အသက်(၃၁)နှစ်ရှိ ခရော့ခ်ျက မိမိသည် လန်ဒန် ကလပ်ကို ကျောခိုင်းပြီး စတုတ်ခ်အတွက် လာကစား ရခြင်းကို နောင်တ လုံးဝ မရသလို အိုဝင်ကိုလည်း မိမိနှင့် လာရောက် ပူးပေါင်း စေလိုကြောင်း ပြောဆိုသွားသည်။



အသက်(၃၂)နှစ်ရှိ အိုဝင်သည် ဒဏ်ရာ အနာတရ မှတ်တမ်းဆိုးများ ရှိနေသော်လည်း စတုတ်ခ်မန်နေဂျာ တိုနီပူးလစ်က ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲ ဖြစ်သည်။ ခရော့ခ်ျက "စတုတ်ခ်ကို လာကစားတာဟာ ဘယ်တော့မှ အောက်တစ်ဆင့် နိမ့်သွားတာ မဖြစ်နိုင်ဘူး။ ဒီမန်နေဂျာ လက်အောက်မှာ ပွဲတွေ ကစားရတာ ကျွန်တော် သိပ်ကျေနပ်ပါတယ်။ အိုဝင်အတွက် မန်ယူလို အသင်းမျိုးကို စွန့်ခွာပြီးတဲ့ နောက်မှာ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ခက်ခဲကြီးကျယ်မယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ရာသီက ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့ရတာပါပဲ" ဟု ပြောကြားခဲ့သည်။

အိုဝင်အတွက် မန်ယူလို အသင်းမျိုးကို စွန့်ခွာပြီးတဲ့ နောက်မှာ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ခက်ခဲကြီးကျယ်မယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ရာသီက ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့ရတာပါပဲ...
၎င်းက "စပါးမှာတုန်းက ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရာသီတိုင်း စိန်ခေါ်နိုင်စွမ်းရှိတယ်။ စတုတ်ခ်မှာ ဒီအခွင့်အရေး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အသင်းကို တဖြည်းဖြည်း တည်ဆောက်နေတယ်။ ကိုယ်က ပုံမှန် ပွဲကစားခွင့် လိုချင်တာ ဆိုရင် ဒီအသင်းဟာ သိပ်ကောင်းတဲ့ နေရာပါ။ အိုဝင်ကိုယ်တိုင်လည်း သူ့ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချဖို့ လိုပါတယ်။ သူဟာ ပရိသတ် အားပေးတဲ့ ကစားသမား တစ်ယောက်ပါ" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

No comments:

Post a Comment