သီချင်းနားဆင်ရန်

Aug 6, 2012

မြန်မာမီးရထားပိုင်မြေဟုဆိုကာ မရမ်းကုန်း၂ရပ်ကွက်အား ဖယ်ခိုင်းခြင်းကြောင့် မရမ်းကုန်းမြို့ နယ်ရှိ ပြည်သူများဒုက္ခရောက်


မြန်မာနိုင်ငံသည် ဒီမိုကရေ စီအသွင်ကူးပြောင်းနေသည့် ကာ လအတွင်း လယ်ယာမြေအသိမ်း ခံရမှုကြောင့် လယ်သမားအများ စုဒုက္ခရောက်လျက်ရှိရာ ယခုတွင် လည်း ထပ်၍ မရမ်းကုန်းမြို့နယ်   မရမ်းကုန်း ၂ရပ်ကွက်၊သမိုင်း ဘူတာရုံအနီးရှိ အိမ်ခြေများအား  ရဲများမှ မြန်မာမီးရထားပိုင်မြေဟု ဆိုကာ သိမ်းယူနေခြင်းကြောင့်  ဒုက္ခရောက်နေလျက်ရှိကြောင်း သိရသည်။““ကျွန်မတို့မြန်မာမီးရထား  ပိုင်မြေတွေမှာနေထိုင်တယ်ဆိုပြီး  အင်အားသုံး၍ ဖယ်ခိုင်းပါတယ်။  အဲ့လိုဖယ်ခိုင်းတဲ့နေရာမှာလည်း လျော်ကြေးတစ်စုံတစ်ရာပေးခြင်း  လည်းမရှိပါဘူး။အခုဆို ကျွန်မတို့  မှာတော်တော်ဒုက္ခရောက်ပါတယ်  နေစရာ အိမ်မရှိတော့ပါဘူး။ဒါ ကြောင့် စားစရာဆိုတာလည်းမရှိ တော့ပါဘူး””ဟု အဆိုပါရပ်ကွက်  ရှိ ပြည်သူတစ်ဦးမှပြောကြားခဲ့ သည်။
ထိုမရမ်းကုန်း ၂ရပ်ကွက် သည် ယခင်က ကုလားပိုင်မြေ ဟုဆိုကာ ၀ယ်ယူနေထိုင်ခဲ့ကြပြီး  ယခုနှစ် ၅၀အကြာတွင် မြန်မာ့ မီးရထားပိုင်ဖြစ်သည်ဟု ပြော  ကာသိမ်းယူနေခြင်းကြောင့် ပြည် သူများနစ်နာလျက်ရှိကြောင်း  ထိုရပ်ကွက်မှပြည်သူတစ်ဦးမှ ပြောကြားသည်။““ကျွန်မတို့ဟာ ဒီမြေတွေကို ချွေးနဲစာနဲ့စုပြီး ၀ယ် ထားရတာပါ ကျွန်မတို့မှာသက် သေအထောက်အထားအခိုင်အလုံ  ရှိပါတယ် ဒါကို ကျွန်မတို့လာပြီး  သူတို့က အင်အားနဲ့လာခြောက်  ပါတယ်။တကယ်တော့ ကျွန်မတို့ ၂ရပ်ကွက် က လူတွေက ပဲကြီး  လှော်ကြားမှာဆားညပ်ခံရတာပါ”” ဟု ထိုရပ်ကွက်နေပြည်သူတစ်ဦး မှပြောကြားခဲ့သည်။
စစ်အစိုးရလက်ထက်တွင်  အိမ်ခြံမြေသိမ်းယူမှု ပြဿနာသည်  မရှိအောင် နည်းပါးခဲ့ပြီး ရန်ကုန်  မြို့တွင် နေထိုင်သူရပ်ကွက်များ  ရှိ ပြည်သူများသည် အိမ်ခြံမြေ ဂရံသည် မရှိလောက်အောင်နည်း ပါးကြောင်းသိရသည်။

No comments:

Post a Comment