သီချင်းနားဆင်ရန်

Aug 6, 2012

မှော်ဘီမြို့ ရပ်ကွက်(၂) ခုရေကြီး


မှော်ဘီမြို့ရပ်ကွက် (၃)နှင့် (၄) ရပ်ကွက်များတွင် ရေကြီး ရေလျှံမှုများဖြစ်ခြင်းကြောင့် အိမ် ခြေ (၁၆၀) ကျော်နေအိမ်များ ရေလွှမ်းမိုးခြင်းနှင့် လမ်းများ ရေ နစ်မြှုပ်ခြင်းတို့မှာ ယခင်နှစ်ထက် ပို၍ ဆိုးလာကြောင်း အဆိုပါ ရေကြီးမှုကြောင့် ရေဘေးဒုက္ခ ရောက်နေသူများအား အခြား သော ကျေးရွာ/ ရပ်ကွက်များမှ စေတနာရှင်ပြည်သူများက ထမင်း  ထုပ်များ ရေသန့်ဘူးများနှင့် ဆေး ၀ါးများ လှူဒါန်းနေလျက်ရှိကြသည်။ သြဂုတ်လ ၄ ရက်နေ့ နံနက် ၈း၀၀ နာရီအချိန်တွင် ရေများပြန်လည်    လျှော့ကျသွားကြောင်း အဆိုပါ ရပ်ကွက် (၃)နှင့် (၄) မှာ နှစ်စဉ်   ရေနစ်မြှုပ်နေပြီး ကြိုတင်ပြင်ဆင် စီမံမှုများမရှိသလို အဆိုပါရပ်ကွက်   ၂ ခုမှာလည်း ချောင်း ၂ ခုအနီး တွင် ရှိနေပြီး ဖြတ်သန်းစီးဆင်း  သော အဆိုပါချောင်းများမှာ မိုး များပြီး တောင်ကျရေများလွန်း သောကြောင့်လည်းကောင်း မြစ် အတွင်း မြစ်ရေကြီးခြင်းကြောင့် လည်းကောင်း၊ ချောင်းများမှ အလွယ်တကူစီးနင်းနိုင်ခြင်းမရှိပဲ ရေကြီးရခြင်းဖြစ်ပေါ်လာရခြင်း  အကြောင်းကို အဆိုပါရေကြီးမှု အား ကယ်ဆယ်ရေးလုပ်ဆောင် ပေးနေသော မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်နေပြည်သူတို့ထံ မှ သိရှိသည်။ အဆိုပါရေကြီးခြင်း ကြောင့် မှော်ဘီမြို့စုပေါင်ရုံးများ တွင် ရုံးများရေနစ်မြှုပ်ခြင်းကြောင့် အရေးကြီးစာရွက်စာတမ်းများ ပြောင်းရွှေ့ရသလို ရဲစခန်းမှ အချုပ်သားများကိုလည်း သက်ဆိုင်   ရာနေရာဌာနများသို့ ပြောင်းရွှေ့   ထားရပြီး ရဲတပ်ဖွဲ့ဝင်မိသားစုများ ကိုတော့ ဘုန်းကြီးကျောင်းများသို့  ခေတ္တပြောင်းရွှေ့ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment