သီချင်းနားဆင်ရန်

Aug 9, 2012

ရှေ့ မှမော်တော်ဆိုင်ကယ်ကို ကျော်တက်စဉ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု

ကယားပြည်နယ်၊ လွိုင်ကော် မြို့၊ မိုင်းလုံးရပ်ကွက်အတွင်း ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ကန္ဒရ ၀တီ လမ်းမကြီးပေါ်တွင် မော် တော်ဆိုင်ကယ်တစ်စီးရှေ့မှ မော် တော်ဆိုင်ကယ်ကို ကျော်တက် ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်လဲကျစဉ် မျက်နှာချင်းဆိုင် မှ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်မိ၍ လူတစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသော ဖြစ်ရပ်တစ်ခု ဇူလိုင် ၂၀ ရက်က ဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ည ၆ နာရီခွဲအချိန်ခန့်က လွိုင်ကော်မြို့၊ မိုင်လုံးရပ်ကွက်နေ မျိုးသိမ်း (၂၂) နှစ် မောင်းနှင်ပြီး နောက်ထိုင်ခုံ တွင် တစ်ရပ်ကွက်တည်းနေ မောင်ကြည် (၃၁)နှစ် လိုက်ပါ စီးနင်းသော ကန်ဘို ၁၂၅ မော် တော်ဆိုင်ကယ်အနက်ရောင်သည် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် အတွင်း ကန္ဒရ၀တီလမ်းမကြီး အတိုင်း မြောက်မှတောင်သို့ အရှိန်ဖြင့် မောင်းနှင်လာစဉ် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရှေ့ မှမော်တော်ဆိုင်ကယ်ကို ကျော် တက်လိုက်ရာမှ အရှိန်အထိန်းနိုင် ဘဲ တိမ်းမှောက်လဲကျကာ တစ် ဖက်ယာဉ်ကြောသို့ ရောက်ရှိသွား ခဲ့သည်ဆို၏။
ထိုအခါ တစ်ဖက်ယာဉ် ကြောအတိုင်း မျက်နှာချင်းဆိုင်မှ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက် နေ မငြိမ်းငြိမ်းအိ (၁၉)နှစ် မောင်း နှင်ပြီး နောက်ထိုင်ခုံတွင် အစ်မ ဖြစ်သူ မငြိမ်းပြည့်စုံ (၂၈)နှစ် လိုက်ပါစီးနင်းလာသော ဖိုင်လင်း ၁၁၀ မော်တော်ဆိုင်ကယ်အနက် ရောင်နှင့် တိုက်မိခဲ့သည်ဆို၏။
ထိုဖြစ်ရပ်တွင် မောင်ကြည် မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မျိုး သိမ်းမှာ ဦးခေါင်းဝဲဘက်ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲဘက်တတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ကျောကုန်းပွန်းပဲ့ ဒဏ်ရာ၊ မငြိမ်းငြိမ်းအိမှာ ယာခြေ ကျင်းဝတ် နာကျင်ဒဏ်ရာ၊ ခါး ကျင်ဒဏ်ရာ၊ ဦးခေါင်းမူးဝေဒဏ် ရာ၊ မငြိမ်းငြိမ်းပြည့်စုံမှာ ယာခြေ ကျင်းဝတ် နာကျင်ဒဏ်ရာ၊ ဦးခေါင်းယာ ဖက်ဖူးရောင် ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြ၍ လွိုင်ကော်ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရသည်။
ထိုဖြစ်ရပ်အပေါ် ကယား ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇေယျာလတ်က အခင်း ဖြစ်အရပ်သို့ သွားရောက်စုံစမ်း စစ်ဆေးပြီး သက်ဆိုင်ရာသို့ တိုင် ကြားရာ လွိုင်ကော်ရဲစခန်လးက (ပ) ၉၂/၂၀၁၂။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ က အရ အမှု ဖွင့်လှစ်ပြီး တရားစွဲဆိုတင်ပို့ရန် ကယားပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ်အောင်နွယ်က ဆက် လက်ဆောင်ရွက်ကြောင်း သိရ သည်။

No comments:

Post a Comment