သီချင်းနားဆင်ရန်

Aug 9, 2012

ရခိုင်ပြည်နယ်ဖွံ့ ဖြိုးရေးအတွက် ပန်းချီပန်းပုဆရာများက၈၅ သိန်းကျော်ဖိုးရှိပစ္စည်းများ လှူဒါန်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေရရှိရန် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်း အရုံး(ဗဟို)မှ ကြီးမှူး၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပန်းချီ ပန်းပုပညာရှင်များအား စုစည်းပြီး (၁၃.၇.၂၀၁၂)မှ (၂၁.၇.၂၀၁၂) နေ့အထိ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေးအရှေ့ဘက်တန်း ရှိ အစည်းအရုံး(ဗဟို)ပြခန်းတွင် ကျင်းပခဲ့ရာ ပန်းချီကား (၅၅)ကား နှင့် ပန်းပုရုပ် (၁၃)ရုပ်ကို ၈၅၆၉၉၅၀ ကျပ်ဖြင့် ရောင်းချခဲ့ ရသည်။
အဆိုပါရောင်းရငွေများကို ပန်းချီပန်းပုပညာရှင်များက တစ်ပြားတစ်ချပ်မှ ပြန်မယူဘဲ စေတနာထက်သန်စွာဖြင့် ရခိုင် ပြည်နယ်ပြန်လည် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရည်ရွယ်လှူဒါန်းလို သောကြောင့် အစည်းအရုံးဗဟိုမှ  ဥက္ကဋ္ဌဦးမောင်မောင်လှမြင့်၊ အတွင်းရေးမှူးဦးနီပိုဦးနှင့် ပြန် ကြားရေးမှူးဦးလှထွန်းအောင်တို့မှ ပန်းချီပညာရှင်များကိုယ်စား (၂၅.၇.၂၀၁၂)နေ့တွင် ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်၍ အလှူငွေနှင့် ကျောင်းသုံး၊ မီးဖို ချောင်သုံးပစ္စည်းများ လှူဒါန်းပေး ခဲ့ကြသည်။
လှူဒါန်းမှုအစုစုတွင် မဏိ ရတနာကျောင်းမှ ဗဟိုသံဃနာယက ဆရာတော်ကြီးအား (၅)သိန်း၊ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထား သော ရွှေစေတီကျောင်း၊ မဏိ ရတနာကျောင်း၊ ဓမ္မစကြာကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ သင်ပုန်းတန်း ရွာတို့ရှိ ဒုက္ခသည်အိမ်ထောင်စု (၁၇၅)ခုကို အိမ်ထောင်တစ်စုလျှင် ကျားလုံချည် ၁ထည်၊ မ၀တ်လုံချည် ၁ထည်၊ စောင်၁ထည်၊ ဖျာ ၁ချပ်၊ ထီးရှည်တစ်လက်၊ ဒန်အိုး (၅)လုံး  တစ်စုံ၊ စတီးဇလုံ(၃)မျိုးတစ်စုံ၊ ဒယ်အိုးနှင့် ဓာတ်ဘူး၁လုံးနှင့် ထမင်းစားပွဲသုံးပစ္စည်းများကို လှူ ဒါန်းပေးခဲ့သည်။ ထို့အပြင် ရွှေ စေတီကျောင်းရှိ ဘုန်းတော်ကြီး သင် စာသင်ကျောင်းမှ ကျောင်း သား (၂၀၀)အတွက် ဗလာစာအုပ်၊ ဘောလ်ပန်၊ ခဲတံ၊ ပေတံနှင့် မိုးကာအင်္ကျီတို့ကို စခန်းအသီးသီး သို့ လက်ရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ

No comments:

Post a Comment