ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့နယ် တောင်ပြို အနီးတွင် နေရာချထားရန် အာဏာပိုင် များမှ စီစဉ်နေသည်။
“ ဒီနေ့ မနက်က သူတို့ကို လက်ခံ မခံဆိုတဲ့ကိစ္စကို အာဏာပိုင်တွေ မြို့မိမြို့ဘတွေနဲ့ ဆရာတော် ကေတုကျောင်းမှာ ဆွေးနွေးကြတယ်။ ဘယ်သူမှလက်ခံဖို့ သဘောမတူဘူး။ ကွပ်ကဲရေးမှူးကလည်း လက်ခံဖို့ဆန္ဒမရှိဘူး။ နောက်ပိုင်းမှာ ဖြေရှင်းဖို့ကောင်းသွားအောင် ပြည်နယ်ဝန်ကြီးချုပ်ကလည်း လက်ခံဖို့တိုက်တွန်းတဲ့အတွက် လက်ခံဖို့ဖြစ်သွားတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အဆို ပါ မြို့မိမြို့ဘက ပြောသည်။
လက်ခံရန်သဘောတူရခြင်းမှာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာမှလည်း အမြင်ရှင်းရန် ဆိုသည့် အချက်များလည်းပါဝင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
ဆွေးနွေးပွဲသို့ နစက ကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ စစ်တပ်မှ တပ်ရင်းမှူးအဆင့် ရှိသူ တစ်ဦးနှင့် မြို့မိမြို့ဘ ၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ယခု ရောက်ရှိလာသည့် သူများမှာ ကျောက်ဖြူဘက်မှ စက်လှေများနှင့်ထွက်ပြေးလာသူများဖြစ်ပြီး ယမန်နေ့က သူတို့ကို ကျောက်ပန်းတူတွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လိပ်ရတွင် နေရာချထားရန် ပြောင်းလဲ စီစဉ်ခြင်းဖြစ်သည်။
လိပ်ရတွင် ရောက်ရှိနေသည့် လူအရေအတွက် စုစုပေါင်း ၂၀၀၀ ကျော်ခန့် ရှိပြီး သူတို့ကို ရေကြောင်းမှ တဆင့် စက်လှေများနှင့် ပြောင်းရွှေ့ပေးခဲ့ပြီး တချို့ကို ကားများနှင့်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။
This comment has been removed by the author.
ReplyDelete