အနုပညာ
သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက်
အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ
ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက်
ပေါင်းများစွာ နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက...
"ပထမဆုံး ကျွန်တော် တောင်းပန်ချင်တာက ဒူးခေါင်းတွေ က
ချုပ်ရိုးတွေနဲ့ဖြစ်နေတာကြောင့် ကြာကြာမတ်တပ်မရပ်နိုင်တော့ပဲ
ထိုင်ပြီးပြောရတဲ့အတွက် ခွင့်လွှတ် ပေးပါ။ ၁၀-၅-၂၀၁၂ ခုနှစ်က ကျွန်တော်
အင်းစိန်ဘက်ကနေ မြို့ ထဲကို ကားနဲ့လာတယ်။ အဲဒီမှာ မြို့ ထဲဘက်ကနေ
အင်းစိန်ဘက်တက် လာတဲ့ဆယ်ဘီးကားက ဘရိတ် ပေါက်ပြီး ကျွန်တော့်ကိုမျက်နှာချင်း
ဆိုင်တိုက်လိုက်ပါတယ်။ အဲဒီအခါ ကျွန်တော့်မော်တော်ယာဉ်တစ်စီးလုံး
ကြေမွသွားတဲ့အပြင် ကျွန်တော် လည်း အခုလိုမြင်တဲ့အတိုင်း ဒဏ်ရာ
ဒဏ်ချက်တွေရခဲ့ပါတယ်။ ၁၄-၅- ၂၀၁၂ ကနေပြီး ၂၈-၅-၂၀၁၂ အထိ
ကျွန်တော်အင်းစိန်ဆေးရုံကြီးမှာ ဆေးကုရပါတယ်။ ၁-၆-၂၀၁၂ က နေ ၆-၆-၂၀၁၂ အထိ
ကျွန်တော် အပြင်ဆေးခန်းမှာ ကျိုးသွားတဲ့လက် ကို ကုရပါတယ်။ သာမန်ကျိုးတာ
မဟုတ်ဘဲ ကျိုးတဲ့အရိုးတွေအပိုင်း ပိုင်းဖြစ်သွားတော့ လက်ကိုပြန်ခွဲပြီး
ကြေးကလစ်တွေထည့်ရပါတယ်။ တစ်ချိန်က ဂစ်တာတဒေါင်းဒေါင်း တီးနေတဲ့
ကျွန်တော့်လက်တွေက အခုလှုပ်လို့တောင် မနည်းကြိုးစား နေရပါတယ်။ အဲဒီတော့
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စဖြစ်တဲ့အချိန်မှာပဲ ကုမ္ပဏီကတာဝန်ရှိသူတစ်ယောက်
မော်တော်ယာဉ်ကိုလည်း ပြန်ပြင်ဆင် ပေးပါ့မယ်။
ကျွန်တော့်ကိုလည်း ဆေး ဝါးကုသမှု အကုန်လုံးထောက်ပံ့ပေးပါ့ မယ်လို့ပြောတော့
ကျွန်တော်ကသိပ် ကောင်းပါတယ်။ ကျွန်တော်ဗုဒ္ဓဘာ သာပဲ။ တစ်ဖက်ယာဉ်မောင်းကလည်း
ဖြစ်စေချင်လို့ လုပ်တာမှမဟုတ်တာ။ ဒါဆိုနှစ်ဦးနှစ်ဖက်ကျေအေးတော့ အ
ဆင်ပြေတာပေါ့ဆိုတော့ ကျွန်တော့် မိန်းမလက်ထဲကို ပိုက်ဆံ ၅ သိန်းပေး ခဲ့တယ်။
နောက်ပြီးဆေးရုံမှာ တစ် ပတ်လောက်ကြာတော့ နောက်ထပ် ၅ သိန်းထပ်ထည့်ပါတယ်။
နောက်တစ် ခါ အပြင်ဆေးခန်းမှာခွဲစိတ်နေတဲ့အချိန် မှာ နောက်ထပ် ၅
သိန်းအားလုံး စုစု ပေါင်း ၁၅ သိန်းပေးခဲ့ပါတယ်။ ကျွန် တော့်ဆီဖုန်းဆက်လာတာက
ဒီထိခိုက် မှုကြောင့် ကျွန်တော့်လက်ခံပြီးပျက် သွားရတဲ့ပွဲ ၁၇ ပွဲ- ၁၈
ပွဲလောက် ရှိတယ်။ အဲဒီအတွက် ၂၅ သိန်းထပ် ပေးမယ်။ ကျေးအေးပေးပါလို့ပြောပါ
တယ်။ ကျွန်တော်ကအဲလောက်တော့ မလုပ်ကြပါနဲ့ဗျာ။ ဒီခေတ်ဆေးဝါးကုသ
စရိတ်ကိုအားလုံးသိကြမှာပါ။ ဒါက ကျွန်တော်ဂစ်တာတီးတဲ့ ထမင်းစားတဲ့ လက်ပါ။
မျက်နှာကလည်းရုပ်ပျက်၊ ဆင်းပျက်ပါပဲ။ ဒါတွေကို ပြန်ကုရဦး မှာလေ။
အဲဒီတော့သူတို့ပေးတဲ့ သိန်း ၄၀ ဆိုတာ နာနေတဲ့ကြားက ရယ် စရာကောင်းတယ်။
အဲဒါနဲ့ ၉-၆- ၂၀၁၂ နေ့က ကျွန်တော့်ကို တိုက်ခဲ့တဲ့ .........
ကုမ္ပဏီပိုင်ကားဖြစ်တာ ကြောင့် ကုမ္ပဏီကိုဆက်သွယ်ပြီး တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံတဲ့ နေရာမှာ ရွှေမင်းသားဖောင်ဒေးရှင်း မြန်မာက
ရုံးအဖွဲ့ကလည်းလိုက်ပါ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဘက်က ပြောတာက ဒါက
ယာဉ်မောင်းမှား တဲ့ကိစ္စမို့ ကုမ္ပဏီကတာဝန်မယူနိုင် ပါဘူးတဲ့လေ။
ဂရုဏာကြေးအနေနဲ့ ဒီလောက်ပဲတတ်နိုင်ပါတယ်။ မ ကျေနပ်ရင်လည်း ဥပဒေကြောင်း
အရရင်ဆိုင်ပါလို့ ငြင်းဆိုလိုက်ပါ တယ်။ အဲဒါကို ကျွန်တော်ပြောချင် တာက
ဥပမာပေါ့ဗျာ။ ကျွန်တော့်ခြံ ထဲကခွေးက လမ်းသွားနေတဲ့သူ ထွက်ကိုက်ရင်
ခွေးကိုက်ခံရတဲ့သူ ကိုဆေးကုပေးဖို့ ခွေးကကုပေးလို့ ဖြစ်မလား။ အဲဒီတော့
ကျွန်တော့်မှာ ဆေးကုပေးဖို့တာဝန်ရှိတယ်လို့ ထင် ပါတယ်။
သူတို့ရဲ့လျော်ကြေးပိုက်ဆံ က ကျွန်တော်လေးငါးပွဲဆိုရင် တောင်
ဒီလောက်ရတာပဲလေ။ ကျွန် တော်ပြောတာက လူနဲ့သူနဲ့တူအောင် ပြန်ကုပေးဖို့
တောင်းပန်တာပါ။ အဲဒီတော့ ဥပဒေကြောင်းအရပဲ ရင် ဆိုင်ရမှာပါပဲဗျာ။
ဒီနေ့အစိုးရက ပြည်သူကို ဥပဒေနဲ့ကာကွယ်ပေးတဲ့ အစိုးရဆိုတော့ ဥပဒေကိုပဲ
အကျိုးရှိရှိ ပြန်အသုံးချပါ့မယ်။ အဲဒီလိုရင်ဆိုင် နေတဲ့နေရာမှာ
အမှန်တရားအတွက် ကျွန်တော်တိုက်ပွဲဝင်ပါ့မယ်"လို့ဆို သွားပါတယ်။

No comments:
Post a Comment