သီချင်းနားဆင်ရန်

Aug 8, 2012

ဆာဟင်အတွက် လီဗာပူးလ်လည်း ဝင်ရောက် ကြိုးပမ်းဖွယ် ရှိနေ

Click to navigate!
 
လီဗာပူးလ် အသင်းသည် အာဆင်နယ်နှင့် တော့တင်ဟမ် ဟော့စပါးတို့ ပစ်မှတ် ထားနေသည့် နျူရီဆာဟင်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်သည် ၎င်းတို့၏ တူရကီ လက်ရွေးစင် ကွင်းလယ် ကစားသမားကို အသင်းမှ အငှားပြောင်းရွှေ့ရန် ခွင့်ပြုပြီး ဖြစ်ကြောင်း ပြောဆိုထားကာ ဆာဟင်သည် အာဆင်နယ်သို့ ရောက်ရှိမည်ဟု သတင်းကြီးလျှက် ရှိနေသည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် စပိန် ချန်ပီယံ အသင်း၏ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းကြောင့် အသက်(၂၃)နှစ်ရှိ ဆာဟင်အား အန်းဖီးလ်သို့ စေလွှတ်ပေးရန် ဆွေးနွေးနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်းများက ဆိုသည်။

စပိန် သတင်းစာ Marca က လီဗာပူးလ်သည် ဆာဟင်အား ရာသီကုန်ထိ အငှား ခေါ်ယူရန် ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း ဖော်ပြသွားသည်။ ဆာဟင်သည် စပိန် ကလပ်မှ ထွက်ခွာဖွယ် ရှိနေပြီး စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က လူကာမိုဒရစ် နေရာတွင် အစားထိုးရန် ၎င်းအား စိတ်ဝင်စား နေသည်။ အစောပိုင်းက အာဆင်နယ်သည် ဆာဟင်ကို ချိတ်ဆက် ခဲ့သေးသော်လည်း ယခုအခါ တောင်ကိုရီးယား ကွင်းလယ်လူ ကီဆောင်ယွန်းဘက် ပိုမို အာရုံကျလာခဲ့သည်။

လီဗာပူးလ်သည် ကွင်းလယ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေရာ ဆွမ်ဆီးအသင်းမှ ဂျိုးအလန်ကို ခေါ်ယူရန်လည်း ကြိုးပမ်း နေဆဲဟု သိရှိရသည်။
ဘရန်ဒန် ရော့ဂျာသည် စပိန် ချန်ပီယံ အသင်း၏ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းကြောင့် အသက်(၂၃)နှစ်ရှိ ဆာဟင်အား အန်းဖီးလ်သို့ စေလွှတ်ပေးရန် ဆွေးနွေးနိုင်မည်ဟု ယုံကြည်နေ...

No comments:

Post a Comment