သီချင်းနားဆင်ရန်

Aug 6, 2012

မင်းသားတိုင်း သရဲဖြစ်ကုန်ပြီလို့ဆိုလာတဲ့ ပိုင်ဇေရဲထွန်း




ပိုင်ဇေရဲထွန်းက စူပါစတားဗီဒီယို ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ထားပြီး ၃ ကားလောက် ရိုက်ဖို့ကျန်သေးကြောင်းပြောပါတယ်။ ဇာတ် လမ်းတွေကို ပရိုဂျူဆာကပဲ ပရိသတ်တွေရဲ့အသံကို နား ထောင်ကာ ရွေးချယ်ဖြစ်ပြီးလတ်တလောမှာ ပရိသတ်တွေက သရဲဇာတ်ကားတွေကို ကြိုက်ကြတဲ့အတွက် ၆ ကားရိုက်ရင် ၃ ကားက သရဲဇာတ်ကားတွေဖြစ် ကြောင်း၊ အခုအချိန်မှာ မင်း သားတိုင်း သရဲတွေဖြစ်ကုန် ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ဗီဒီယို ဈေး ကွက်က   တော်တော် လေးကျဉ်းမြောင်းပြီး အခက်အခဲတွေဖြစ် နေကြောင်းကို ပိုင်ဇေ ရဲထွန်းက..”ကျွန် တော် တို့ မြန်မာနိုင်ငံမှာ ဇာတ်လမ်း တွေက သိပ်မဆန်းသစ်ဘူး။ ဒီ ဇာတ်လမ်းတွေပါပဲ။သိပ်အကြီးကြီးမလုပ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံအဆင့်မှာတော့ တိုးတက် တယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံက ထွက်သွားရင် တော့ ဒုံရင်း ကဒုံရင်းပါပဲ။ဘာမှမတိုးတက်သေးဘူးလို့ မြင် ပါတယ်။ ကျွန်တော်တို့အစည်းအရုံးသစ်ကတော့ တော်တော် လေးလုပ်နေတာပါပဲ။ တကယ်တတ်သိနားလည်တဲ့ ပရို ဂျူဆာတွေလည်းပါတယ်။မင်းသားတွေလည်း  ပါတယ်။ သရုပ်ဆောင်တွေလည်းပါတယ်။ အနုပညာလောကထဲကလူတွေ လုပ်နေကြတော့ ဈေးကွက်ကို အရင်လိုပဲ ပြန်ြ ဖစ်စေ ချင်ပါတယ်”လို့ ပြောပါတယ်။ ဈေးကွက်အခြေအနေမကောင်းနိုင်ဘူးလို့ ပြောနေ ကြပေမယ့်လည်း သူ့အနေနဲ့ ပြန်ကောင်းနိုင်မယ်လို့ ထင်မြင် ကြောင်းပိုင်ဇေရဲ ထွန်းက ပြောပါတယ်။  ပိုင်ဇေရဲထွန်းက သြဂုတ်လဆန်းထဲမှာ ပုပ္ပားကိုသွားပြီး သရဲဇာတ်ကားနှစ်ကား သွားရိုက်မှာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းက သရဲဇာတ်ကား တစ် ကားရိုက်ကူးပြီးသွားပြီး ပရိသတ် ကြိုက်ကြတဲ့အတွက် နောက်ထပ် သရဲဇာတ်ကားတွေ ရိုက်ကူးခြင်းဖြစ်ကြောင်း  ပြောပါတယ်။

No comments:

Post a Comment