ရန်ကုန်၊ သြဂုတ် ၎
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်
ဦးအောင်သိန်းလင်းကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ
ရပ်စဲလိုက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်
အလုပ်အမှုဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး
ရုံးတွင် သြဂုတ်လ ၃ရက်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း
တာဝန်ခံအဖြစ် ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးမောင်မောင်သိမ်းက
နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ယင်းအစည်းအဝေးသို့ တိုင်း/ခရိုင်
အလုပ်အမှုဆောင်များ၊ မြို့ နယ် အတွင်းရေးမှူးနှင့် တွဲဘက် အတွင်းရေးမှူးများ
တက်ရောက်ခဲ့သည်။
“ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဆောင်ရွက်နေတယ့် ချေးငွေ အစီအစဉ်ကိုတော့
ဦးအောင်သိန်းလင်းပဲ တာဝန်ယူမယ်လို့ သိရပါတယ်။ တခြား စည်းရုံးရေးနဲ့ စီမံ
ခန့်ခွဲရေးတွေကိုတော့ ဦးမောင်မောင်သိမ်း တာဝန်ယူတော့မှာပါ” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
တောင်ဥက္ကလာပ မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းသည်
တရုတ်သတင်းစာ တစ်စောင်နှင့် အင်တာဗျူး ဖြေကြားမှုတွင် နိုင်ငံတော် သမ္မတ၏
မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခဲ့သည့် ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ရာ၌ "ဒါဟာ သူ
(သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။
ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး
မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို
ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား
ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊
ကျွန်တော်တို့ လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက
ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ "
ဟု ဖြေကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု
များပြားနေခြင်းအပေါ် သဘောထား မှတ်ချက် ပေးခဲ့ခြင်းများပေးခဲ့ရာတွင် "
လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု
ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။
အင်တာဗျူးပါ ဖော်ပြချက်များနှင့် ပတ်သတ်၍ ပြည်တွင်းထုတ် သတင်းဂျာနယ်များက
ဦးအောင်သိန်းလင်းကို အတည်ပြု မေးမြန်း ခဲ့ရာ ''မှတ်မိတာကတော့
မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့
မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့
မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို
တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။
ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။
အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ
ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ
တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး
ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး
မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။
မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ
လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်သတင်းစာ၏ ဖော်ပြချက်များသည် ဘာသာပြန်ဖော်ပြရာ၌ လွဲမှားခြင်းသာ
ဖြစ်ပြီး ဦးအောင်သိန်းလင်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း မရှိကြောင်းအကယ်၍
ပြောကြားခဲ့သည့်တိုင်အောင် ဦးအောင်သိန်းလင်း၏ တစ်ဦးတည်းသဘောထားသာ ဖြစ်ပြီး
ပြည်ခိုင်ဖြိုးပါတီ၏ သဘောထား မဟုတ်ပါကြောင်းပါတီ အထွေထွေ အတွင်းရေးမှူး
ဦးဌေးဦးက မီဒီယာများ၏ သဘောထား မေးမြန်းမှုကို ဖြေကြားခဲ့သည်။

No comments:
Post a Comment