ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော
ဆူပူအကြမ်းဖက်မှုကြောင့် ပိတ်ထားရသော စစ် တွေ တက္ကသိုလ်ကို ယနေ့ သြဂတ်စ်လ ၆
ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။
“
ဒီနေ့ စစ်တွေ တက္ကသိုလ်ဖွင့်ပါတယ်။ ကျောင်းသူ/သား စုစုပေါင်း ၆၀
ခန့်ရောက်ပါတယ်။ ရောက်တဲ့သူတွေထဲ မှာ ကျောင်းသားက ၅၄ ယောက်၊ ကျောင်းသူက ၆
ယောက်ဘဲ ရောက် ပါတယ်” ဟု English မေဂျာ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက
နိရဉ္စရာသို့ ပြောသည်။
ကျောင်း ပြန်ဖွင့်သော်လည်း ကျောင်းသူကျောင်းသားများ မစုံလင်သည့်အတွက်ကြောင့် စာသင်ကြားခြင်း မရှိ ဟု သိရသည်။
ယနေ့
စစ်တွေ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော နေ့တွင် လုံခြုံရေးကို
ကျောင်းလမ်းတလျှောက် အပြည့်ချ ထားသည့်အပြင် အနီးအနားရှိ
မူဆလင်ကျေးရွာများမှ မူဆလင်များကိုလည်း ရွာအပြင် ထွက်ခွင့် မပြုဟုလည်း သူက
ပြောသည်။
“ စစ်တွေမြို့ကနေ ကျောင်းသွားတဲ့ လမ်းတလျှောက်
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြည့်ချထားပါတယ်။ နောက်ပြီး တော့
ကျောင်းအနီးအနားမှာ ရှိတဲ့ ဘုမေရွာက မူဆလင်တွေကို ရွာပြင်ကို ထွက်ခွင့်
ပိတ်ပင်ထားပါတယ်။ ဒါ ကြောင့် ဘာအနှောင့်အယှက်မှ မရှိပါဘူး။”
ကျောင်းသူ/ကျောင်းသားများအတွက်
ကျောင်းသွားချိန် အကြိုအပို့ ကားများကို နံနက် ၇ နာရီမှ ၉ နာရီထိ
ပို့ဆောင်ပေးပြီး ကျောင်းလွတ်ချိန် အကြိုအပို့ကားကို နေ့လည် ၁ နာရီမှ ညနေ ၎
နာရီထိ ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

No comments:
Post a Comment