သီချင်းနားဆင်ရန်

Aug 8, 2012

လေ့ကျင့်ရေး ကွင်းတွင် စိတ်ပျက်ဖွယ် အခြေအနေမျိုးဖြင့်သာ လေ့ကျင့်နေသည့် ဗန်ပါစီ

အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီသည် အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနေသော်လည်း စိတ်ပျက်ဖွယ် အခြေအနေမျိုးဖြင့်သာ လေ့ကျင့်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းက ပစ်မှတ် ထားနေသော နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အသင်းမှ ထွက်ခွာလိုကြောင်း လူသိရှင်ကြား ကြေညာခဲ့သည့် နောက်ပိုင်းတွင် အသင်းအတွက် တစ်ပွဲမျှ ဝင်မကစားပေးရသေးချေ။ မန်ချက်စတာ စီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းတို့သည် ဗန်ပါစီကို စိတ်ဝင်စားခဲ့သော်လည်း လက်ရှိ အချိန်တွင်မူ လက်လျှော့ သွားခဲ့ပြီး မန်ယူကသာ ဆက်လက် ချိတ်ဆက်လျှက် ရှိသည်။ မန်ယူ အသင်းသည် နော်ဝေးသို့ ခြေစမ်းပွဲ ကစားရန် ထွက်ခွာ သွားသည့်တိုင် အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အပြောင်းအရွှေ့ ကိစ္စများ အတွက် ဗြိတိန်တွင် နောက်ချန် နေရစ်ခဲ့သည်။
လေ့ကျင့်ကွင်းတွင် တွေ့ရသော ဗန်ပါစီ

ဖာဂူဆန်သည် ဗန်ပါစီအား ဩဂုတ်လ (၁၈)ရက်နေ့ ပရီးမီးယားလိဂ် ပြိုင်ပွဲများ မစတင်မီ လက်မှတ်ထိုး ခေါ်ယူသွားရန် မျှော်လင့်လျှက် ရှိသည်။ လက်ရှိတွင် ဗန်ပါစီသည် အာဆင်နယ် အသင်းနှင့် အတူ လေ့ကျင့်နေသော်လည်း စိတ်ပါလက်ပါ မဟုတ်ဘဲ လေ့ကျင့်ပုံ ဆိုးရွားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးသို့ ပြောင်းရွှေ့လိုသော ဆမ်မီ နာဆရီသည်လည်း အလားတူ အခြေအနေမျိုး ပြုလုပ် ခဲ့ဖူးသည်။ အာဆင်နယ်က အသစ် ခေါ်ယူလိုက်သည့် ကစားသမား ဆန်တီ ကာဇိုလာမှာမူ ယခုအခါ အသင်းသို့ အပြီးသတ် လာရောက်ပူးပေါင်း လေ့ကျင့်နေပြီဟု သိရသည်။

တောင်ပံရော၊ ကွင်းလယ်တိုက်စစ်ပါ ကစားနိုင်သည့် ကာဇိုလာက "ဒီအသင်းမှာ သိပ်ကို တောင့်တင်းတဲ့ စုဖွဲ့မှု ရှိနေပါတယ်။ ကျွန်တော်တို့ စုပေါင်း ကြိုးစားပြီး ဆုဖလားတွေ ရယူဖို့ တိုက်ပွဲဝင်သွားမှာပါ။ အာဆင်နယ်ဟာ ကစား သမားသစ်တွေ စုစည်းပြီး ခြေလှမ်းကျယ်ကျယ် လှမ်းခဲ့ပါပြီ။ ခုဆို အသင်းက ပိုကောင်းလာပြီး ပရိသတ်တွေ အနေနဲ့ ဘာကိုမဆို မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်လို အသင်းကြီး တစ်ခုကို ရောက်လာတဲ့ အတွက် ပျော်ပါတယ်။ အသင်းနဲ့ အတူ ဆုဖလားတွေ ရယူဖို့ ကျွန်တော် မျှော်လင့်မိပါတယ်" ဟု အသင်းပိုင် ဝက်ဘ်ဆိုက်သို့ ပြောကြား သွားခဲ့သည်။
ဗန်ပါစီသည် အာဆင်နယ် အသင်းနှင့်အတူ လေ့ကျင့်နေသော်လည်း စိတ်ပါလက်ပါ မဟုတ်ဘဲ လေ့ကျင့်ပုံ ဆိုးရွားနေကြောင်း Daily Mail က ဖော်ပြခဲ့...

No comments:

Post a Comment