မုံရွာ၊ သြဂုတ်၉
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ရှိ ဘေးဒုက္ခ
သင့် ပြည်သူများအား ကူညီရန် ဂီတဖြင့် အလှူခံသည့် အဖွဲ့ဖြစ်သည့်
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့သည် ယနေ့တွင် မုံရွာမြို့ပေါ်တွင်
လိုက်လံ သီဆို ဖျော်ဖြေကာ အလှူခံခဲ့ကြောင်း မုံရွာမြို့ပေါ်မှ ဒေသခံများက
ပြောကြားသည်။
“အစ်ကိုတို့အဖွဲ့ က ရန်ကုန်ကနေ အစပြုပြီး
သီဆိုခဲ့ရာကနေ အခုနယ်တွေက လှမ်းပြီး ဖိတ်ကြလို့ လာခဲ့ရတာပါ။ အခုဆို
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့ကြီး တော်တော်များများမှာ
ဆိုပြီးပါပြီ။ ဒီကပြန်ရင် မကွေးတိုင်းကို သွားဖို့ စီစဉ် ထားပါတယ်။
မြို့ကြီး အသီးသီးကနေ အလှုငွေ စုစုပေါင်း သိန်းတစ်ရာကျော် နီးပါး
ရရှိနေပါပြီ”ဟုပန်းရဲ့လမ်းအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ယနေ့
နံနက်ပိုင်း မုံရွာမြို့တွင် စံပယ်နိုင် လက်ဖက်ရည်ဆိုင်တွင် အလှူငွေ ၇
သိန်းကျော်ခန့် ရရှိခဲ့ပြီး၊ မုံရွာကုန်စည် ဒိုင်မှ ကုန်သည်ပွဲစားများက
စုပေါင်း လှူဒါန်းငွေ ၁၂ သိန်းကျော်ခန့် ရရှိခဲ့ပြီး ညနေပိုင်းတွင်
ကျောင်းသားများ အများစု စုဝေးရာ ဖြစ်သည့် အရိပ်စစ် လက်ဖက်ရည်ဆိုင် တို့တွင်
အလှူ ခံသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment