သီချင်းနားဆင်ရန်

Aug 6, 2012

အနီရောင် သီတင်းပတ်နှင့် ကြီးမြတ်သော အဓိဌာန်



ကျွန်တော်က ကုန်လွန်ခဲ့တဲ့ ဇွန်လ ပထမပတ်ကို ““အနီရောင်သီတင်းပတ်”” လို့ နာမည်တပ်ချင်တယ်။ တကယ်က ဇွန်လန်းမှာ စတင်ပျံ့နှံ့လာတဲ့ ဒီအနီ ရောင်အနိဋ္ဌာရုံးတွေဟာ ဒုတိယပတ်ထဲ ထိအောင် မြို့ရွာ ဒေသခံအတော်များများ ကို လွှမ်းသွားခဲ့တာပါ။ သမိုင်းအစဉ်အ လာကြီးမားခဲ့တဲ့ ဝေသာလီပြည်မှာရခိုင် သားတို့ သွေးမြေကျ၊ မီးဟုန်းဟုန်း တောက်ခဲ့ရတယ်လေ။ တစ်ပတ်လုံးထွက် ခဲ့သမျှ ဂျာနယ်မျက်နှာဖုံးတွေမှာ အနီ တစ်ဝက်၊ မီးခိုးတစ်ဝက် နောက်ခံနဲ့အတူ အားလုံးဟာ အလဲလဲအပြိုပြိုငိုယိုအော် ဟစ်နေကြလေရဲ့။ တိမ်းရှောင်ပြေးလွှား သယ်ရွှေ့နေကြတဲ့ ယောက်ျားမိန်းမ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ မျက်နှာကိုယ်စီမှာ ထိတ်လန့်စိုးရွံ့မှုတွေ အထင်းသားပေါ်လွင်နေသလို ကူညီ ကယ်တင်နိုင်သူတွေ အမြန်လာကြပါ တော့လိုလည်း ငံ့မျှော်ဖိတ်ခေါ်နေသလို ပါပဲ။
ဖြစ်မှဖြစ်ရလေတဲ့။ ကြေကွဲစရာ အနီရောင်သီတင်းပတ်လို့သာဆိုရတော့ မှာပါ။ ဒီလို အတိဒုက္ခမြင်ကွင်းမျိုး ၂၀၀၈ ခုနှစ် နာဂစ်တုန်းကလည်း ကျွန်တော်တို့ ပ်ြညသူတွေ ကြုံတွေ့ရတာမြင်တွေ့ခဲ့ဖူး ပြီ။ အားလုံး ၀မ်းနည်းပတ်လက်ဖြစ်ခဲ့ရ ပေမယ့် သဘ၀ဘေးမို့ အချိန်မီမတား ဆီးနိုင်ခဲ့ဘူး။ ဒီတစ်ခါက လူလုပ်တဲ့ ပြဿနာ၊ လူတွေဖန်တီးတဲ့ပဋိပက္ခ၊ လူ သားချင်းစာနာတရားကင်းမဲ့တဲ့ အာဃာ တကိစ္စ။ ပြောရရင် ဒီထက်မကကျယ် ပြန့်တဲ့အကြောင်းတွေ၊ ရှုပ်ထွေးတဲ့နောက်  ခံပြဿနာတွေက အခုအဖြစ်ကို အကျိုး ထင်အောင် သယ်ဆောင်မွေးဖွားပေး လိုက်တာလို့ပဲ ဆိုရပါမယ်။
ရာဇ၀င်မှာတော့ ရခိုင်ဘုရင်ဗြဟ္မာ သိဒ္ဓိမင်း စိုးစံတော်မူနေစဉ်အခါက ဘီလူး မျိုးနွယ်တွေဖြစ်ကြတဲ့ ငဆဒ္ဒန်၊ ငရကိ္ခုက်၊ ပက္ကမိ၊ ရက္ခဏီ၊ ငပိသဲနဲ့ စတဲ့ဘီလူး မောင်းမတွေက ပုံသဏ္ဍာန်မျိုးစုံအယောင် ဆောင်ဖန်ဆင်းပြီး လူအပေါင်းကို ဖမ်းဆီး စားသောက်ရန်ပြုခဲ့ကြတာကြောင့်ဝေသာ လီပြည်ပျက်စီးခဲ့ရတဲ့အကြောင်း ဖတ်ရှု မှတ်သားထားခဲ့ဖူးပေမယ့် အခုဟာက ဘာသာမတူ၊ လူမျိုးကွဲတာ တစ်ခုကလွဲ ရင် လူစင်စစ်တွေ ဖြစ်နေလျက်နဲ့ ဒေသ ရင်း အိမ်ရှင်နဲ့ ဧည့်သည်တွေကြားပေါ် ပေါက်လာတဲ့ ယုံကြည်မှုပျက်ပြားခြင်း အမှန်တရားအခြေခံပြဿနာပါ။
အမှန်က အိမ်ရှင်နဲ့ဧည့်သည်လို့ဆို ရာမှာ လူတိုင်းဟာအိမ်ရှင်မဖြစ်ဘူးဆိုရင် သာရှိရမယ်၊ ဧည့်သည်အနေနဲ့တော့ တစ် ကြိမ်တစ်ခါဖြစ်စေ၊ ခဏတဖြုတ်ဖြစ်စေ ကြုံခဲ့ဖူးမှာသေချာတာမို့ တကယ်ဆို အိမ် ရှင်က အိမ်ရှင်ပီသပြီး ဧည့်သည်ကလည်း ဧည့်သည်ဝတ္တရားကို နားလည်ထားရင် အိမ်ရှင်နဲ့ ဧည့်သည်ကြားမှာ ပြဿနာ ရှိလာနိုင်ပါ့မလား။ တစ်အိမ်ချင်းတစ် ယောက်ချင်းမှာတင်လားဆိုတော့ ကမ္ဘာ ပေါ်က နှစ်နိုင်ငံ နယ်စပ်ဒေသတိုင်းမှာ နယ်စပ်လူမျိုးရေးပြဿနာ၊ တစ်နည်း အားဖြင့် အိမ်ရှင်နဲ့ ဧည့်သည်ကြားမှာ ဖြစ်ပွားပေါ်ပေါက်နေကျ ပဋိပက္ခတွေဆို တာရှိတတ်စမြဲပါ။ အများအားဖြင့်က ဧည့်သည်ဆိုတာ လူနည်းစုဖြစ်နေတာနဲ့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသရဲ့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် ရေကြည် ရာမြက်နုရာရှာတဲ့သဘော၊ သူများပိုင် နက်ထဲမလွှဲသာမရှောင်သာသွားရောက် ကြရတော့ အိမ်ရှင်မငြိုငြင်အောင်ပဲဖြစ် ဖြစ်၊ ဒါမှမဟုတ် တစ်ခါတစ်ရံမှာ အိမ်ရှင် ရဲ့ချုပ်ကိုင်ခြယ်လှယ်မှုရှိလာခဲ့တယ်ပဲထား ဧည့်သည်ဘက်က တစ်ဖက်သက်သည်းခံ ရတာဓမ္မတာပါ။ ဒီလိုမဟုတ်ုဘဲ အရိပ် လည်းခိုသေး အကိုင်းပါချိုးဦးမယ်ဆိုရင်  ဘယ်လိုအိမ်ရှင်မျိုးက လက်ခံကြည်ဖြူ နိုင်ပါ့မလဲ။
ဥပမာပြရမယ်ဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနဲ့ အိမ်နီးချင်းနိုင်ငံ တွေဆီရောက်ရှိနေကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဘ၀ဟာ ဒီလို ပဲပေါ့။ သူများနိုင်ငံထဲ တန်တာမျှတာတွေ ရှိသလို မတန်တာမမျှတာနဲ့ ကြုံရပြန် လည်း ကိုယ့်ဆီထက်သာနေသေးတော့  ဖြေစရာတွေးပြီး ခံစားကြရတာပဲ။ အရေး ကြီးက ကိုယ့်အခြေအနေမှန်ကို အရင် အတိုင်းသိနားလည်ပြီး ကိုယ့်ရည်မှန်းချက် ပျောက်ပျက်မသွားအောင် ဆတိုးကြိုးစား နေဖို့မဟုတ်လား။ ဒါကြောင့်လည်း ရခိုင်က အကြမ်းဖက်မှုတွေ  ဖြစ်ပွားမလာ ခင်လေးတင် ဒေါ်အောင်ဆန်းစုကြည် မဲဆောက်ကိုရောက်တော့..““အထူးသ ဖြင့် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ မမေ့ဖို့က ဒီမှာရောက်နေတဲ့သူတွေဟာ ဧည့်သည်တွေပါ။ ဧည့်သည်ဆိုတာ ဧည့် သည်ပီပီနေကြရမယ်။ ဧည့်သည်ရဲ့တာဝန် ကိုသိရမယ်။ အိမ်ရှင်တွေက တတ်နိုင် သမျှ ကျွန်မတို့ရဲ့ နိုင်ငံသားတွေ ဒုက်္ခ ရောက်နေချိန်မှာ ကူညီစေချင်အောင်လို့ ကျွန်မတို့ကနေ ဆောင်ရွက်ဖို့တာဝန်ရှိ တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပင် ကျွန်မတို့ ပြည်သူ ပြည်သားတွေအနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားလုပ် ဆောင်ရပါမယ်””လို့ ပြောခဲ့တဲ့စကားဟာ (ဒါတောင် နိုင်ငံမဲ့တွေမဟုတ်) မိဘက ကိုယ့်သားသမီးကို လိမ်္မာရေးခြားရှိအောင် တိုးတက်ကောင်းစားအောင် မျှတတဲ့ အမြင်နဲ့ ဆုံးမရာရောက်သလို ဆူပူအ ကြမ်းဖက်မှုပြင်းထန်လာချိန်မှာ တိုင်းပြည် ကို ပန်ကြားခဲ့တဲ့ သမ်္မတဦးသိန်းစိန်ရဲ့ မေတ်္တာရပ်ခံချက်မှာလည်း ““ဒီလိုလူမျိုးစွဲ ဘာသာစွဲတွေကိုရှေ့တန်းတင်ပြီးမဆုံးနိုင် တဲ့မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့  မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကြမ်း  ဖက်သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမိုကျယ်ပြန့်ဖြစ် ပွားလာစေနိုင်တဲ့ အန်္တရာယ်ရှိပါတယ်။  အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိ သေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင် ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်း ပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှုနဲ့ စိတ်စေ တနာကို သိသာမြင်သာစေနိုင်ရုံမက ဘက်လိုက်မှုမပါတဲ့သဘောထားကြီးမှုကို လည်း ဖော်ပြနေပါတယ်။
တစ်နည်းအားဖြင့်ဆိုရင် လတ်တ လောဖြစ်နေတဲ့ မနှစ်မြို့ဖွယ် အကြမ်း ဖက် သတ်ဖြတ်ဖျက်ဆီးမှုဖြစ်စဉ်တွေမှာ ပြုသူနဲ့ ခံရသူရယ်လို့ အရိပ်အယောင် လေးတောင် ခွဲမပြောဘဲ ခွင့်လွှတ်သည်း ခံကြရင်းဖြင့် ညီညွတ်ငြိမ်းချမ်းရေးဆီ ရှေ့ ရှုကြဖို့ကိုသာ မေတ်္တရပ်ခံသွားခဲ့တာဖြစ် ပါတယ်။
သို့ပေမယ့် ဒီနေရာမှာ ဟန်ချက်ညီ  တရားမျှမှု ရှုဒေါင့်ကကြည့်ပြီးပြောစရာ ရှိလာတာက တစ်ဖက်ရဲ့ သက်သာခွင့် ဟာ တစ်ဖက်အတွက် နစ်နာရရှိမှုမျိုး မဖြစ်စေသင့်ဘူးဆိုတာပါ။ ရိုဟင်ဂျာတွေ ကို သူ့နေရင်းအရပ်ကလက်မခံလို့ကိုယ့် ဆီမှာ လူသားချင်းစာနာမှုဝတ်္တရားအရ နေထိုင်ခွင့်ပြုထားတာဟာ နိုင်ငံတကာ အိမ်နီးချင်းနိုင်ငံများအလိုက် လိုက်နာ စောင့်ထိန်းရတဲ့ မူနဲ့အညီ ဖြစ်တာဘယ်လို ပဲမှန်နေနေ အခုဆိုရင် ရခိုင်တိုင်းရင်းသား တွေရဲ့ ရပ်တည်နေထိုင်မှုဘ၀ဟာလုံခြုံ မှုမရှိတော့တာကြောင့် ““၀ါးရင့်ကို ၀ါးနု ပတ်””မယ့်အရေး မအေးနိုင်စရာတွေတွေ့ လာရပါပြီ။ တစ်လက်စတည်းပြောရရင် အိမ်နောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အလားတူ ပြဿနာမျိုးအိမ်ရှေ့ဘက်ကပါတစ်ချိန် မှာ ပူလောင်မလာနိုင်ဘူးလို့ ဘယ်သူမှ  ပြောမရတာ ထည့်သွင်းစဉ်းစားထားသင့် ပါဦးမယ်။ တကယ်က ဖြစ်သွားတာ ရခိုင် မှာဆိုပေမယ့် မြန်မာပြည်သူတွေ အချိန် အတော်ကြာကတည်းက စိတ်ပူနေကြ တာ မန်္တလေးလို့ပြောရမှာပါ။ ဧည့်သည် အဖြစ် နေသားကျလာတာနဲ့အမျှအချို့ သောအိမ်ရှင်၊ အိမ်ငှားပြဿနာမျိုးမှာလို မက်မောခုန်မင်တတ်တဲ့ လူသားသဘာဝ အတိုင်း အပိုင်ရချင်လာတာတစ်ကြောင်း၊ နောက် ပြည်တွင်းအဂတိသမား အိမ်ရှင် သစ်္စာဖောက်အချို့တို့ ပါဝင်ပတ်သက်မှု အကင်းနိုင်တဲ့ အောက်လမ်းနည်းမျိုးစုံ ကြောင့် တစ်စတစ်စ အင်အားကြီးထွား လာတော့ ထစ်ခနဲရှိ (မရှိလည်းရှိအောင် ရှာ) ဒေသခံအိမ်ရှင်တွေအပေါ် အံတု ရန်မူပြီး တော်လှန်ရေးဆန်ဆန်၊ လွတ် မြောက်ခွဲထွက်ခွင့်ရရေးဆန်ဆန် ပုံစံ ပြောင်း အကြမ်းဖက်လာကြတာဟာ ဘယ်လိုမှ ခွင့်လွှတ်စရာမရှိပါဘူး။
တစ်ချိန်တည်းမှာပင် နောက်ကွယ် မှ မြှောက်ပင့်လှုံ့ဆော်နေသူတွေလည်း ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဧည့်သည် သြ၀ါဒမျိုးကို သွန်သင်ပြန့်ပွားရေးမယ့် အစား ““အမှားကြာအမှန်ဖြစ်””မလားဆို တဲ့ ကြံရွယ်ချက်နဲ့ တိုက်ကွက်ဖော်လမ်း လွဲလိုက်နေတာတွေဟာ ငဲ့ညှာစာနာ တတ်တဲ့ မြန်မာအစိုးရသစ်၊ အစိုးရ ဟောင်းတွေကိုရော၊ ဒေသခံတိုင်းရင်း သားအိမ်ရှင်တွေကိုပါ ““ကျေးဇူးမတင်ဖင်၊ ပေါင်လှန်ပြ”” ဆိုတာလို ဖြစ်နေပြီမို့ ရပ် တန်းက ရပ်သင့်ကြပါပြီ။
တကယ်တော့ အတိတ်ကအစိုးရ အဆက်ဆက် လက်ထက်တွေမှာ ပြည်ပ ကျူးကျော်မှုရန် ကာကွယ်ရေးဆိုပြီး အမြဲ ပဲ ကြွေးကြော်လာခဲ့တာ အခုမှ တကယ် ဖြစ်လတယ်ပြောရပါမယ်သိချိန်မှာတိုင်း ရင်းသားသွေးချင်း ရခိုင်လူမျိုးတွေရဲ့ အသက်နဲ့ အိုးအိမ်စည်းစိမ်တွေ စတေး လိုက်ကြရပြီမို့ ရေရှည်အတွက် လုံခြုံ စိတ်ချအာမခံနိုင်မယ့် အစီအမံတွေကို မဖြစ်မနေဖော်ဆောင်ရပါတော့မယ်။ အချုပ်အခြာ အာဏာပိုင်ဆိုးတဲ့ နိုင်ငံ တစ်ခုမှာ ဒီအဖြစ်မျိုးတွေဟာ နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ ပြည် သူတစ်ရပ်လုံးပါ အရှက်ရသိက်္ခာကျစေ တဲ့အပြင် ပြည်ထောင်စု တည်တံ့တဲ့ငြိမ်း ချမ်းရေးနဲ့ တိုင်းရင်းသားတွေသွေးစည်း ညီညွတ်ရေးကိုပါ အန်္တရာယ်ပြုလာနိုင်တဲ့ အထိ ရတက်မအေးစရာဖြစ်ရပါတယ်။ အခုပဲပြည်ပဖိအားတချို့နဲ့ မီဒီယာကိုပါ လက်နက်သဖွယ်စွဲကိုင်တာတွေ့ရုံမက ကုလသမဂ်္ဂလို ကမ်္ဘာ့အဆင့်မြင့်ဆုံးအဖွဲ့ အစည်းကြီးအထိ ရောက်အောင် ချဲ့ထွင် နိုင်ဖို့ ကြိုးစားခဲ့တာတွေကို ထောက်ရင် ပေါ့ပေါ့တန်တန်သဘောထားလို့မရတာ သေချာနေပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နဲ့စုဖွဲ့တည်ရှိနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သဘောမတူ။ လူမျိုးကွဲ တွေပါ ငြိမ်းချမ်းစွာအတူယှဉ်တွဲလာခဲ့ တာရှေးနှစ်ပေါင်းပဝေသဏီထောင်ချီ ကတည်းကပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး တစ်ဘာသာနဲ့တစ်ဘာသာအချင်းချင်း ချစ်ခင်စည်းလုံးခဲ့ကြလို့ နိုင်ငံတော်မှာ  အရေးကိစ်္စပေါ်လာတိုင်းလက်တွဲရင်ဆိုင် ဖြေရှင်းနိုင်ခဲ့ကြတာ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရော၊ ဘာသာခြားတွေရော၊ ဘာသာခြားများ အားလုံးပါသိရှိလက်ခံထားခဲ့ကြတယ်။ ဒါကို မရိုးဖြောင့်တဲ့ အကြံအစည်နဲ့ သွေး စည်းညီညွတ်မှုပျက်ပြားအောင် လုပ် ဆောင်လာသူတိုင်းဟာ ပြည်ထောင်စုရဲ့ ရန်သူပဲ။ အစဉ်အလာလည်းမရှိခဲ့၊ သမိုင်းမှတ်တမ်းလည်းရှာမတွေ့တဲ့ဘင်္ဂ လားနယ်က ရွှေ့ပြောင်းဝင်ရောက်လာသူ ရိုဟင်ဂျာတွေရေးကို ပြည်တွင်းက အစ်္စ လာမ်ဘာသာဝင်အားလုံးနဲ့ပဲသက်ဆိုင် နေသယောင် သွေးထိုးဖို့ကြိုးစားလို့မရ သလို တိုင်းရင်းသားအနေမျိုးသတ်မှတ် ပြဋ္ဌာန်းပေးရအောင်လည်း ကိုးကားစရာ ဘာအထောက်အထားမှရှိမနေဘဲ ခွင့်ပြု လိုက်လျှောဖို့ခက်တာ အစ္စလာမ်ဘာသာ ၀င် မြန်မာနိုင်ငံသား မိဘနှစ်ပါးကမွေး လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့လို ရပ်တည်ချက်သဘော ထားက သာဓကခိုင်မာနေပါတယ်။
အလားတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက်္ကဋ္ဌ ဒေါက်တာ အေးမောင်ရဲ့ အမြင်သဘောထားမှာဆို လည်း ““ပြည်ပကလာတဲ့ လူမျိုးစုတစ်စု ဟာ လူတွေဖြစ်လို့လူသားအခွင့်အရေး တော့ရသင့်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုတော့လေးစား လိုက်နာမှုရှိရပါမယ်။ ဒီအချိန်မှာ ရိုဟင် ဂျာဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးလိုက်မယ်ဆိုရင် နောက်နှစ် ပေါင်း(၂၀)လောက်မှာ ရခိုင်ကိုသူများကို ပေးလိုက်ရပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ်္စ ဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းရဲ့ တာဝန်မဟုတ်တော့ပါဘူး။ တိုင်းရင်းသား အားလုံးမှာ တာဝန်ရှိလာပါပြီ””လို့ ထုတ် ဖော်ခဲ့တာတွေဟာ ရိုဟင်ဂျာအရေးမှာ ရှင်းလင်းပြတသားလွန်းနေတာမို့ အမှန် တရားကို ပစ်ပယ်ဖုံးကွယ်ပြီး သေးတဲ့ အမှုကြီးအောင်၊ ကြီးတဲ့အမှု ရှင်းမရ အောင်နည်းလမ်းအသွယ်သွယ်နဲ့ ဆက် လက်ဖိအားပေး အကျပ်ကိုင်ရန်ပြုလာ မယ့် ဘယ်အဖွဲ့စည်းကိုမဆို ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးပြောသလို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက တပ်မတော်နဲ့အတူ လက်တွဲရင်ဆိုင်သွား ဖို့ အသင့်ရှိနေလိမ့်မယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ယူဆမိကြောင်းပါ။

No comments:

Post a Comment