သီချင်းနားဆင်ရန်

Aug 11, 2012

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (မြိတ်ခရိုင်) ဖွဲ့စည်း

သြဂုတ်လ (၁၁) ရက်နေ့ ၂၀၁၂

မြိတ်ခရိုင် အတွင်းရှိ တက္ကသိုလ် များဖြစ်သည့် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် တို့ပူးပေါင်းပြီး မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ယနေ့ နေ့လည်ပိုင်းတွင် ဖွဲ့စည်းသွားခဲ့ပါတယ်။

 ဥက္ကဋ္ဌ ကိုအုပ်စိုးထွန်း၊ ဒုဥက္ကဋ္ဌ ကိုဇင်မိုးဝေ၊ အတွင်းရေးမှူး ကိုရဲကိုကို၊ ကိုစိုးသင့်ထွန်း တို့ အပါအဝင် အလုပ်အမှုဆောင်၂၃ ဦးပါဝင်ကြောင်း သိရှိရပါတယ်။

တက္ကသိုလ်အတွင်း လွတ်လပ်သည့် ကျောင်းသား လွှတ်တော် တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး နှင့် စစ်မှန်သော ဒီမိုကရေစီစနှစ် ဖော်ဆောင်ရေး တို့အတွက် ကျောင်းသားထုအကျိုးပြု လုပ်ငန်းစဉ်များချမှတ်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment